Connect with us

Videos

ငြိမ်းချမ်းရေးတွင် စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးတွင် စီးပွားရေးလုပ်ငန်းများလည်း ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုသည့် စာချွန်လွှာတစ်ရပ်ကို United Nations Global Compact Network Myanmar မှ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းသက် နှင့် ကုန်သည်စက်မှုအသင်းချုပ် မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့ မှ ယနေ့ ကုန်သည်စက်မှုအသင်းချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ “နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ငြိမ်းချမ်းရေးက အဓိကကျသလို စီးပွားရေး ပတ်ဝန်းကျင်ကောင်း တစ်ခုဟာလည်း ရေရှည်တည်တံ့ခိုင်မြဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အဓိကကျပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။ မြန်မာပြည်သူလူထု၏ လူမှုစီးပွားရေးဘဝ တည်ငြိမ်အေးချမ်းရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက United Nations Global Compact Network Myanmar နှင့် ပူးပေါင်း၍ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးကို ဝိုင်းဝန်းဖော်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။ ။ စီးပွားရေးလုပ်သည့် လုပ်ငန်းရှင်အနေဖြင့် ဝန်ထမ်းများကိုစောင့်ရှောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်းသည်လည်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက် က ဆိုသည်။ ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ရန်အတွက် အဓိကအားဖြင့် မဏ္ဍိုင် လေးရပ်ကို လိုက်နာဆောင်ရွက်သွားရန် စီးပွားရေးလုပ်ငန်းများအား အားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း United Nations Global Compact Network Myanmar ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့သည်။ “Business for Peace ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဟု အမည်ပေးထားသော ဆွေးနွေးပွဲတစ်ရပ်ကို ကုန်သည်စက်မှုအသင်းချုပ်တွင် ယနေ့တွင် ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117