Connect with us

Videos

ဦးထင်ကျော် သမ္မတ အဖြစ် ရွေးချယ်ခံရမှုအား ကြိုဆို

ရန်ကုန်၊ မတ် ၁၆ရက် (ဆင်ဟွာ)

ယနေ့ မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၌ အလုပ်အမှုဆောင် အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်ခံရသည့် အတွက် ဂုဏ်ယူကြောင်း သမ္မတ ရွေးချယ်မှုအား စောင့်ကြည့်သူ များက ဆင်ဟွာသို့ ပြောကြားခဲ့ကြသည်။

ပြည်သူများ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား အများစု မဲထည့်ခဲ့ကြသလို ပြည်သူ့ အစိုးရစစ်စစ် အဖြစ် မျှော်လင့်ကြောင်း၊ ပြည်သူ့အစိုးရ ဖြစ်မဖြစ်ကို ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပြည်သူတချို့အား မေးမြန်းချက်အရ သိရသည်။

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်သမ္မတ ရွေးချယ်ပွဲအပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိခဲ့ရပါသည်။

ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် နိုင်ငံတော်သမ္မတအား ရွေးချယ်ရာတွင် ဦးထင်ကျော်မှ ထောက်ခံမဲ ၃၆၀ ဖြင့် နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်ခြင်း ခံရပြီး ဦးမြင့်ဆွေမှ ထောက်ခံမဲ ၂၁၃ မဲဖြင့် ဒုတိယသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူမှ ထောက်ခံမဲ ၇၉ မဲဖြင့် ဒုတိယသမ္မတ (၂) နေရာကို ရရှိခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.