Connect with us

Videos

ရုရှားစစ်တပ်မှ ငယ်ရွယ်ကျန်းမာသော လင်းပိုင် (၅) ကောင်ကို ဝယ်ယူရန်စီစဉ်လျက်ရှိ

ကရင်မလင် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ရုရှားစစ်တပ်မှ ငယ်ရွယ်ကျန်းမာသော လင်းပိုင် (၅) ကောင်ကို ဝယ်ယူရန်စီစဉ်လျက်ရှိကြောင်း ရုရှားသတင်းဋ္ဌာနများ ကဖော်ပြခဲ့ကြသည်။

သတင်းရင်းမြစ်များအရ ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ လင်းပိုင်များကို ဒေါ်လာ ၂သောင်းခွဲ ဖြင့် ဝယ်ယူလိုကြကြောင်း၊ အတိအကျဆိုပါက ကရင်မလင် နန်းတော်အတွက် အသက် ၃ နှစ် မှ ၅ နှစ်အကြား လင်းပိုင်အမ ၂ကောင်နှင့် အထီး ၃ကောင် ဝယ်ယူလိုကြောင်းသိရသည်။

ကာကွယ်ရေးဝန်ကြီးဋ္ဌာနအနေဖြင့် ထိုသို့ ရေနေ သွေးနွေး နို့တိုက်သတ္တဝါ လင်းပိုင်များကို ဝယ်ယူရခြင်း၏အကြောင်းရင်းကိုမူထုတ်ပြန် ပြောဆိုခြင်းမရှိပေ။

သို့ရာတွင် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခု က ကရင်မလင်နန်းတော်တွင် ယူကရိန်းနိုင်ငံ ခရိုင်းမီးယားမှ ဖမ်းမိလာသည့် လေ့ကျင့်ပြီးလင်းပိုင်များကို ထပ်မံအင်အားဖြည့်တင်းရန်ဟုဖော်ပြခဲ့သည်။

ရုရှား က ယူကရိန်းစစ်တပ်ပိုင်လင်းပိုင် တပ်ဖွဲ့ ကို ၂ဝ၁၄ ခုနှစ်တွင်ဖမ်းမိခဲ့သည်။ အဆိုပါ လင်းပိုင်ဋ္ဌာနခွဲကို ဆိုဗီယက်ယူနီယံခေတ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဆိုဗီယက်ပြိုကွဲပြီးနောက် ယူကရိန်းလက်အောက်တွင် ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

ရုရှားမှ နိုင်ငံအတွက် ထိုလင်းပိုင်အဖွဲ့အားဆက်လက်လည်ပတ်စေရန် အရွယ်အစား ၈.၉ မီတာအရှည် ရှိသည့် လင်းပိုင်သစ်များစုဆောင်းခြင်းဖြစ်မည်ဟု ရုရှားမီဒီယာများက ထင်ကြေးပေးကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.