Connect with us

Videos

၂၇ ကြိမ်မြောက် ဟောင်ကောင်စာအုပ်ပွဲတော် သို့ လာရောက်ပြသသူများ စံချိန်တင်များပြားခဲ့

ဟောင်ကောင်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

၂၇ ကြိမ်မြောက် ဟောင်ကောင် စာအုပ်ပွဲတော်ကို ဇူလိုင်လ ၂ဝ ရက်နေ့ က ဖွင့်လှစ်ခဲ့ရာ ၁၉၅ဝ မှ ၁၉၆ဝ ပြည့်လွန်နှစ်များဆီက လူကြိုက်များသည့် တရုတ် ရိုးရာ သိုင်း စာအုပ်စာပေများအပါအဝင် အခြားစာအုပ်များစွာကို ပြသခဲ့သည်။

ပြပွဲတွင် စာဖတ်သူများကို ခေတ်အဆက်ဆက် ရှိ တရုတ်ရိုးရာ သိုင်းပညာ ၈ မျိုးနှင့် မိတ်ဆက်ပေးခဲ့သည်။
ဟောင်ကောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ HKTDC က စီစဉ်ကျင်းပသည့် အဆိုပါ ပွဲတွင် နိုင်ငံ နှင့် ဒေသ ပေါင်း ၃၅ ခုတို့မှ လာရောက်ပြသသူပေါင်း ၆၄ဝ ကျော်တို့က စာအုပ်စာပေများကို စံချိန်တင် ခင်းကျင်းပြသ ခဲ့ကြသည်။

နိုင်ငံပေါင်း ၂၅ နိုင်ငံတို့မှ ကောင်စစ်ဝန်များနှင့်အဖွဲ့အစည်းများ ကလည်း ကလေးငယ်များနှင့် လူကြီးများပါ စိတ်ဝင်စားမှုတိုးမြင့်စေမည့် ယဉ်ကျေးမှုဆိုင်ရာစာအုပ်များကိုလည်း လာရောက်ပြသခဲ့ကြသည်။ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ အစ္စရေး၊ ပီရူး၊ တောင်အာဖရိက နှင့် အမေရိကန် ပြည်ထောင်စုတို့မှ ကောင်စစ်ဝန်များလည်း ပြပွဲကို လာရောက်ခဲ့ကြောင်းသိရသည်။ ပြပွဲကို ဇူလိုင်လ ၂ဝ ရက်နေ့ ကစတင်ကာ ဇူလိုင်လ၂၆ ရက်နေ့ အထိ ပြသသွားမည် ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.