Connect with us

Videos

Rio အိုလံပစ်ပွဲအတွက် နျူကလီးယား လုံခြုံရေး ကျွမ်းကျင်သူ အယောက် ၃ဝဝ ဖြန့်ကျက်ထားမည်

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
မကြာမီကျင်းပတော့မည့် Rio ၂၀၁၆ အိုလံပစ်ပွဲ အတွက် နျူကလီးယား လုံခြုံရေး ကျွမ်းကျင်သူ အယောက် ၃၀၀ အား ဖြန့်ကျက် ထားမည် ဖြစ်ကြောင်း ဘရာဇီး အေဂျင်စီရုံးက ဇူလိုင်လ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။
ရေဒီယို သတ္တိကြွမှုအား ထောက်လှမ်းစစ်ဆေး နိုင်ရန် လေ့ကျင့်ပေးထားသည့် နျူကလီးယား လုံခြုံရေး ကျွမ်းကျင်သူ များကို ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ၌လည်း ဖြန့်ကျက်ထားဖူးကြောင်း သိရသည်။
အေဂျင်စီက အမျိုးသား နျူကလီးယား စွမ်းအင် ဆိုင်ရာ ကော်မရှင် (CNEN) မှ ကျွမ်းကျင်သူ အယောက် ၃၀၀ နီးပါး အား Rio ၂၀၁၆ အိုလံပစ်ပွဲ နှင့် မသန်စွမ်း အားကစားပွဲများ၌ ဖြန့်ကျက်ထားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
၎င်းတို့သည် နျူကလီးယား အန္တရာယ်နှင့် အရေးပေါ် အခြေအနေများအား ကာကွယ်ရန်၊ စုံစမ်းထောက်လှမ်း နိုင်ရန် နှင့် ယင်းအခြေအနေမျိုး၌ ပြန်လည် တုံ့ပြန် ဆောင်ရွက်ခြင်းတို့အား အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Rio ၂၀၁၆ အိုလံပစ်ပွဲအား သြဂုတ်လ ၅ ရက်တွင် ဖွင့်ပွဲ အခမ်းအနားနှင့် အတူ တရားဝင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး သြဂုတ်လ ၂၁ ရက်အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကာ မသန်စွမ်း အားကစားပွဲများ ကိုမူ စက်တင်ဘာလ ၇ ရက်မှ ၁၈ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.