Connect with us

Videos

၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား နေပြည်တော်၌ ပထမဆုံး အကြိမ် ကျင်းပ

နေပြည်တော် ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ ပြည်ထောင်စု နယ်မြေ ဖြစ်သည့် နေပြည်တော်တွင် ပထမဆုံး အကြိမ်အဖြစ် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ယနေ့စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားသို့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့အပါအဝင် အစိုးရ ၊ လွှတ်တော် ၊ ဌာနဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှင့် ပတ်သက်၍ ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကလည်း ကြိုဆိုဂုဏ်ပြုစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
တရုတ်သံအမတ်ကြီးမစ္စတာဟုန်လျန်မှ ယခု နှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့သည့် ၆၅ နှစ်ပြည့်သည့် နှစ်ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး တည်ထောင် နိုင်ခဲ့ပြီး ယခု လက်တလော ကာလတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု များရရှိလာသည် ကို လွန်စွာ ဝမ်းမြောက်မိပါ ကြောင်း ၊တရုတ်-မြန်မာ နှစ်နိုင်ငံသည် အနီးကပ် မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ အဖြစ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ မှ အပြန်အလှန် လေးစားမှု ထားရှိပြီး အပြန်အလှန် ကူညီထောက်ခံအားပေးကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တွင်လည်း ထင်ရှား သည့် အောင်မြင်မှု များကို ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံများကိုလည်း တစ်ပါတည်း ခင်းကျင်း ပြသထားခဲ့သည်။
တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ယင်းနေ့ကို တရုတ်အမျိုးသားနေ့ဟု သတ်မှတ်ကြေငြာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.