Connect with us

Videos

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အမေရိကန်ပြည်ထောင်စုရှိ လင်ကွန်းအထက်တန်းကျောင်းသို့ သွားရောက်လည်ပတ်

တရုတ်နိုင်ငံသမ္မတရှီသည် ယခု အမေရိကန်နိုင်ငံတရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ၁၉၈၄ ခုနှစ်တွင် ဖူးကျိုးပါတီအကြီးအကဲ ဖြစ်စဉ်က ဖူးကျိုးမြို့နှင့် ညီအမ မြို့တော်အဖြစ်ဆက်ဆံရေးထူထောင်ခဲ့သော တာကိုမာမြို့ရှိ လင်ကွန်းအထက်တန်းကျောင်းသို့ ဇနီး ဖျိန်လိယွမ်နှင့်အတူ စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်း တွင် သွားရောက်လည်ပတ်ခဲ့သည်။
လင်ကွန်းအထက်တန်းကျောင်းမှ ကျောင်းသားများသည် တရုတ်ဘာသာဖြင့်သီဆိုဖျော်ဖြေခဲ့ ပြီး အထက်တန်းကျောင်း ဘောလုံးအသင်းမှ သမ္မတရှီ အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့သည်။
သမ္မတ ရှီကျင့်ဖိန် မှ လည်း Lincoln အထက်တန်းကျောင်းသို့ တရုတ် နိုင်ငံ မှ ပန်းချီကား များ ၊ စားပွဲတင် တင်းနစ် နှင့် အခြား ဆက်စပ် ပစ္စည်း များ ကို ပေးအပ် လှူဒါန်းခဲ့ပြီး နောက် နှစ်နိုင်ငံ လူငယ်များ အနေဖြင့် ပိုမို ဖလှယ်မှု များပြုလုပ်၍ ချစ်ကြည်ရေး တိုးမြင့် အောင် ဆောင်ရွက်သွားရန် ၊ တရုတ် နိုင်ငံ အား ပိုမို သိရှိ နားလည် နိုင်ရန် အတွက် လူငယ်များအနေဖြင့် တရုတ် နိုင်ငံ သို့ လာရောက် လေ့လာကြရန် ဖိတ်ခေါ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.