Connect with us

Videos

2016 လော့စ်အိန်ဂျလိစ် မော်တော်ကားပြပွဲ

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လော့စ်အိန်ဂျလိစ် မော်တော်ကား ပြပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ ထိုပြပွဲတွင် ဒီဇယ်လောင်စာသုံး မာဇဒါ CX-5 မော်ဒယ်၊ Alfa Romeo’s first SUV model အပါအဝင် အခြား မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ ၃၅ ခုကျော်မှ ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ်မော်တော်ယာဉ်အစီးပေါင်း ၆ဝ ကျော်ကို ပြသထားကြောင်းသိရသည်။ နာမည်ကျော် ဇိမ်ခံကားထုတ်လုပ်ရေး Porsche မှလည်း ၎င်း ၏ အထူးထုတ်လုပ်ထားသည့် Panamera 4 E-Hybrid မော်ဒယ်ကားကို မိတ်ဆက်ပြသထားသည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိနိုင်သည့် Green car များကိုလည်း ပြပွဲတွင် စိတ်ဝင်စားမှု အလွန်များပြားခဲ့ပြီးမိုင် ၂၀၀ အထိ တစ်ဆက်တည်းခရီးသွားနိုင်သည့် Chevrolet Bolt လျှပ်စစ်ကားအား ၂ဝ၁၇ ခုနှစ် ၏ အကောင်းဆုံးGreen Car အဖြစ်သတ်မှတ်ခြင်းခံရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.