Connect with us

Videos

ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ကျောက်သားတံတားခုံးသဏ္ဍာန် ကို 3Dနည်းပညာဖြင့်ဒီဇိုင်းဆွဲဆောက်လုပ်

ထျန်းကျင်း၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် 3D ပုံနှိပ်နည်းပညာဖြင့် ဒီဇိုင်းပုံစံဆွဲတည်ဆောက်ထားသည့် ကွန်ကရစ်တံတားတစ်စင်းကို ဖောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။ ၎င်းတံတားမှာ နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိ Zhaozhou ကျောက်သားတံတားခုံးပုံစံဖန်တီးထား ပြီး ယခုဖွင့်လှစ်သည့်တံတားအသစ်မှာ ၂၈.၁မီတာအရှည်ရှိသောကြောင့် မူလတံတား၏ ထက်ဝက်ခန့် ရှည်သည်။ ထိုတံတားကို ထျန်းကျင်းရှိ ဟဲပေ တက္ကသိုလ် နည်းပညာဌာနမှ ပါမောက္ခ မာကောင်းဝေ (Ma Guowei)ဦးဆောင်သည့် သုတေသီအဖွဲ့က ဒီဇိုင်းဆွဲဖန်တီးထားသည်။ Zhaozhou တံတားကို Sui မင်းဆက်ကတည်းက တည်ဆောက်ခဲ့ပြီး ကမ္ဘာ့ သက်တမ်းအရှည်ဆုံး open-spandrel segmental ကျောက်သားတံတားခုံးတစ်စင်းဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.