Connect with us

Videos

လျှပ်စစ်ဝန်ထမ်းများက1100 KV လျှပ်စစ်စီးဆင်းနေသည့် လျှပ်စစ်တာဝါတိုင်ပေါ်သို့တက်ရောက်ပြင်ဆင်

အန့်ဟွေး၊နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံအရှေ့ပိုင်း  အန့်ဟွေးပြည်နယ် Luan မြို့တွင် လျှပ်စစ်ဝန်ထမ်းများက 1100 KV လျှပ်စစ်စီးဆင်း နေသည့် လျှပ်စစ်တာဝါတိုင်ပေါ်သို့တက်ရောက်ကာ  ဝိုင်ယာကြိုးများကိုချိတ်ဆက်ထားသည့်နေရာကို အောင်မြင်စွာ ပြုပြင်ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ လျှပ်စစ်စီးဝင်နေသည့် တာဝါတိုင်ပေါ်သို့တက်ရောက်ကာ ပြုပြင်ခြင်းမှာ ကမ္ဘာ့ပထမဆုံး အကြိမ် အောင်မြင်ပြီးမြောက်ခြင်းလည်းဖြစ်သည်။ ပြုပြင်ရေးလုပ်ငန်းစဉ် တစ်ခုလုံးအတွက် အချိန်မှာ မိနစ် ၅၀ ခန့်သာကြာမြင့်ပြီး Drone ကိုအသုံးပြုကာ တာဝါထိပ်ဖျားတွင် အပြစ်ဖြစ်သည့် နေရာကို စစ်ဆေးခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်းဗို့အားမြင့် လျှပ်စစ်ထုတ်လုပ်ရေးလိုင်းမှာ ၃၃၂၄ ကီလိုမီတာအရှည်ရှိပြီး တရုတ်နိုင်ငံ ရှင်းကျန်း၊ ကန်းစု၊နင်းရှ၊ ရှန်ရှီး၊ဟဲနန်နှင့် အန့်ဟွေးပြည်နယ်တို့ကို ဖြတ်သန်းသွယ်တန်းသည့် လျှပ်စစ့်ဖြန့်ဖြူးရေးလိုင်းလည်းဖြစ်သည်။ ၎င်းတာဝါတိုင်ကြီးမှ တရုတ်နိုင်ငံအရှေ့ပိုင်းကို နှစ်စဉ် လျှပ်စစ်ဓါတ်အား ၆၆ ဘီလီယံ ကီလိုဝပ်ကို ဖြန့်ဖြူးပေးသည့် ကမ္ဘာ့ပထမဆုံး 1100 KV DC လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပို့ဆောင်ပေးသည့် တာဝါတိုင်ကြီးဖြစ်ပြီး ယခုကဲ့သို့ ပြင်ဆင်သည့်လုပ်ငန်းမှာလည်းပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.