Videos
ဟဲပေနည်းပညာတက္ကသိုလ် က ထုတ်လုပ်သည့် ဂင်းနစ်စံချိန်တင် ကမ္ဘာ့ အရှည်ဆုံး 3D တံတား
ဟဲပေ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲပေ ပြည်နယ် ထျန်းကျင်းမြို့ တွင် ဟဲပေနည်းပညာတက္ကသိုလ်မှ ပါမောက္ခ မာကောင်းဝေ ဦးဆောင်ပြီး ကျောင်းသားကျောင်းသူများ ပါဝင်သော အဖွဲ့တစ်ခုက 3D ပုံထုတ် နည်းပညာဖြင့် ကမ္ဘာ့အရှည်ဆုံး တံတားတစ်စင်းကို ဖန်တီးထုတ်လုပ်ကာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်။ ကွန်ကရစ် ဖြင့် တည်ဆောက်ထားပြီး အရှည် ၂၈.၁ မီတာ ရှိသည့် ၎င်း တံတားသစ်သည် နှစ်ပေါင်း ၁,၄၀၀ သက်တမ်းရှိပြီဖြစ်သည့် Zhaozhou ဟု အမည်ရသည့် ရှေးဟောင်းကျောက်သား တံတားခုံး တစ်စင်း၏ ပုံတူကို နမူနာယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။ မူရင်းတံတား၏ ထက်ဝက် အရွယ်အစားခန့်တည်ဆောက်ထားသည့် ၎င်းတံတားသစ်ကို 3D ပုံထုတ် နည်းပညာဖြင့် ဟဲပေနည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယခု စီမံကိန်းသည် အနာဂတ်တွင် စမတ်နည်းပညာဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် သုတေသနပြုလုပ်နေသည့် လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကြောင်းသိရသည်။ (Xinhua)