Connect with us

Videos

 သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ တရုတ်ကုမ္ပဏီမှ ဆောက်လုပ်သော အထပ် ၅၀ အမြင့်ရှိ အဆောက်အအုံ ၊ အမြင့် ၂၀၃ မီတာထိ ပြီးစီး

ကိုလံဘို ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) 

သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့၌ အထပ် ၅၀ ၊ အမြင့် ၂၀၃ မီတာ ရှိသော ရုံးအဆောက်အအုံ၏ အမြင့်ဆုံးအထပ် တည်ဆောက်ပြီးစီးမှု ဂုဏ်ပြု အခမ်းအနားကို ဇူလိုင် ၃၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ တည်ဆောက်မှုစီမံကိန်းကို China Harbour Engineering Company (CHEC) မှ တာဝန်ယူခဲ့ပြီး ကပ်ရောဂါ ကာကွယ်တားဆီးရေးတွင် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်နေစဉ်အတွင်းမှာပင် လုပ်ငန်းများ ပြန်လည် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

အခမ်းအနားတွင် CHEC မှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီအနေဖြင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးကို အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအား လာမည့်နှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ 

သီရိလင်္ကာနိုင်ငံတာဝန်ရှိသူများက CHEC သည် ပြည့်စုံလုံလောက်သော ဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအမံများအား ပြုလုပ်ခဲ့ပြီးနောက် လုပ်ငန်းအား ပြန်လည်စတင်ခဲ့ကြောင်း ၊ သတ်မှတ်ထားသည့်အတိုင်း နည်းပညာစိန်ခေါ်မှုများကို ကျော်လွှားပြီး ရည်မှန်းချက်ကို ပြည့်စုံအောင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တည်ဆောက်ရေး ဧရိယာ ၁၄၁,၀၀၀ စတုရန်းမီတာ အကျယ်ရှိသော ယင်းအထပ်မြင့်အဆောက်အအုံကို လာမည့်နှစ် ဇူလိုင်လတွင် ပြီးစီးရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.