Connect with us

Videos

တရုတ်နိုင်ငံ ၏ ပထမဆုံး 5G နည်းပညာသုံး အလိုအလျောက်ထိန်းချုပ်နိုင်သည့် ကွန်တိန်နာဆိပ်ကမ်း

ချင်းသောင်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချင်းသောင်ဆိပ်ကမ်းတွင် အာရှတိုက်၏ ပထမဦးဆုံး အလိုအလျောက်ထိန်းချုပ်နိုင်သည့် ကွန်တိန်နာဆိပ်ကမ်းကို အသုံးပြုလျက်ရှိရာ ၎င်းတွင် 5G နည်းပညာသုံး စမတ် သင်္ဘောဆိပ်ကို လည်း အသုံးပြုတော့မည်ဖြစ်သည်။

ချင်းသောင်ဆိပ်ကမ်းတွင် 5G နည်းပညာဖြင့် ကြိုးမဲ့ ထိန်းချုပ်သည့်စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ကရိန်းများကိုလည်း တိုက်ရိုက်ထိန်းချုပ်မောင်းနှင်နိုင်မည်ဖြစ်သည်။၂ဝ၁၇ ခုနှစ်မေလကတည်းက စတင်အသုံးပြုခဲ့သည့် ချင်းသောင် စမတ်ဆိပ်ကမ်းမှာ အာရှတိုက်တွင် ပထမဆုံးဖြစ်သည်။ အဆိုပါဆိပ်ကမ်းတွင် ပေ ၂ဝ ရှိ ကွန်တိန်နာအလုံးပေါင်း ၂၄ဝဝဝ ဆန့်သည့် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘောကြီးများဆိုက်ကပ် ရပ်နားနိုင်သည်။ နှစ်စဉ် ကွန်တိန်နာအလုံးပေါင်း ၅.၂ သန်းခန့်ကို အလိုအလျောက် တင်ပို့ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.