Connect with us

Videos

တရုတ်နိုင်ငံက ကမ္ဘာ့အပါးလွှာဆုံး ဖန်သားမျက်နှာပြင်ကို ထုတ်လုပ်ကာ စံချိန်သစ်တင်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

တရုတ်သုတေသီများက အထူ ဝ.၁၂ မီလီမီတာသာရှိသည့် အလွန်ပါးလွှာသည့် ဖန်သားမျက်နှာပြင်ကို ထုတ်လုပ်ခဲ့သည်။၎င်းမှာ ပုံနှိပ်စာရွက် ၂ ပိုင်းထက်ပင် ပိုမိုပါးလွှာပြီး ကမ္ဘာ့အပါးလွှာဆုံး ဖန်သားမျက်နှာပြင်ကို ဈေးကွက်အတွင်း တင်ပို့နိုင်သည်အထိ ထုတ်လုပ်နေခြင်းဖြစ်သည်။ အပါးလွှာဆုံး ဖန်သားမျက်နှာပြင်များကို မိုဘိုင်းဖုန်းများ၊ကွန်ပျူတာများနှင့် တီဗီများတွင် display မျက်နှာပြင်အဖြစ်အသုံးပြုနိုင်မည်ဖြစ်ပြီး အလွန်ပါးလွှာသည့် ဖန်သားမျက်နှာပြင်များမှာ ရုပ်ထွက်ပိုမိုကြည်လင်ကာ ကွေးနိုင်ကျုံ့နိုင်မည်ဖြစ်သည်။အဆိုပါ အပါးလွှာဆုံးဖန်သားမျက်နှာပြင်များကို Bengbu Glass Industry Design Institute က ထုတ်လုပ်ခြင်းဖြစ်သည်။ တရုတ်သုတေသီများမှာ အပါးလွှာဆုံးသော ဖန်သားမျက်နှာပြင်များကို ဖန်တီးထုတ်လုပ်ရန် နှစ်ပေါင်း ၃ဝ ကျော်ကြာ အချိန်ယူခဲ့ရကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.