Connect with us

Videos

တရုတ်နိုင်ငံမှ 5G network ကို ၂ဝ၂ဝ ခုနှစ်တွင် စတင်မည်

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)
ပထမဆုံး ကမ္ဘာ့5G ကွန်ရက် အစည်းအဝေးကို မေလ ၃၁ ရက်နေ့က ပေကျင်းတွင်ကျင်းပခဲ့သည်။ ၂ ရက်ကြာ ကျင်းပခဲ့သည့် အခမ်းအနားတွင် အဓိကအကြောင်းအရာမှာ 5G နည်းပညာသုံး ecosystem တစ်ခု တည်ဆောက်ရန် ဖြစ်သည်။ တရုတ် စွမ်းအင်နှင့် ပြန်ကြားရေးဝန်ကြီး မြောင်ဝေး က တရုတ်နိုင်ငံအနေဖြင့် 5G RND အဖွဲ့တစ်ခုကိုဖွဲ့စည်းထားပြီး ထိုအဖွဲ့က 5G ဆိုင်ရာနည်းပညာတွေကို လေ့လာသုတေသန လုပ်ရန်ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ၂ဝ၂ဝ ခုနှစ်တွင် 5G ကွန်ရက်ကို စတင်ရောင်းချအသုံးပြုနိုင်ရန်ရည်ရွယ်ကြောင်း မြောင်ကဆိုသည်။ ယခုအချိန်အထိ တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး 4G ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး 4G ကွန်ရက်လွှင့်တင်သည့် အခြေစိုက်စခန်း ၂ သန်းခန့်ရှိသည်။ နိုင်ငံအတွင် 4G ကွန်ရက်အသုံးပြုသူမှာ သန်းငါးရာကျော်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.