Connect with us

Videos

ကမ္ဘာွှအရှည်ဆုံးဥမင်ရထားလမ်းဖွင့်လှစ်

ဆွစ်ဇာလန်၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ဥရောပတိုက် တောင်ပိုင်းနှင့် မြောက်ပိုင်း ကြားရှိ Swiss တောင်ကြားအောက်တွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် ရထားများ အတွက် ၅၇ ကီလိုမီတာ (၃၅ မိုင်ခန့်ရှိ) ဥမင်ရထားလမ်းဖွင့်လှစ်ခဲ့သည်။ ဥရောပတိုက်အတွက် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်စေရန်အတွက် အဆိုပါရထားလမ်းကိုဖာက်လုပ်ခြင်းဖြစ်သည်။ ယခင်က ကုန်စည်များကို လော်ရီကားသန်းပေါင်းများစွာ မှ တစ်ဆင့် ရထားပေါ်သို့ အဆင့်ဆင့်သယ်ဆောင်ခဲ့ရသည်။ ယခု ဥမင်ရထားလမ်း သည် ၅၃.၇ ကီလိုမီတာ ရှည်သည့် ဂျပန်နိုင်ငံ၏ ဆေးခန် (Seikan) ရထားလမ်းထက် ပိုမိုရှည်လျားကာ ကမ္ဘာ့အရှည်ဆုံးဥမင်ရထားလမ်း ဖြစ်လာသည်။ ၁၉၉ဝ ပြည့်နှစ်နှောင်းပိုင်းတွင် စီမံကိန်းကို စတင်ခဲ့ပြီး ၁၇ နှစ်ကြာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်ခဲ့ပြီးနောက် ယခုအချိန်တွင်ပြီးစီးသွားပြီဖြစ်သည်။ ၎င်း ဥမင်ရထားလမ်း သည် ကုန်စည်စီးဆင်းမှုလျင်မြန်စေသည့် စီးပွားရေးအတွက် သာ မဟုတ်ဘဲ လေထုညစ်ညမ်းမှုကိုလည်း လျှော့ချပေးနိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.