Videos
တရုတ်နိုင်ငံက အသစ်တီထွင် ထုတ်လုပ်သည့် AC311A အပေ့ါစားဟယ်လီကော်ပတာကိုမိတ်ဆက်ပြသ

တရုတ်နိုင်ငံက အသစ်တီထွင် ထုတ်လုပ်သည့် AC311A အပေ့ါစားဟယ်လီကော်ပတာကိုမိတ်ဆက်ပြသခဲ့သည်။ အဆိုပါ ဟယ်လီကော်ပတာကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် Nanjing University of Aeronautics and Astronautics တွင် ကျင်းပသည့် job fair တွင် ပြသခဲ့သည်။ ၎င်းကို AVIC Changhe Aircraft Industry (Group) Corporation က ဒီဇိုင်းထုတ်ကာ တီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီက ကျောင်းပြီးစလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုရှာဖွေနိုင်မည့် job fairတွင် ယခုကဲ့သို့ အပေ့ါစားဟယ်လီကော်ပတာကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ ထို ဟယ်လီကော်ပတာပေါ်သို့ ဆရာဆရာမများနှင့်ကျောင်းသား ကျောင်းသူပေါင်း ၁ဝဝ ကျော်ကိုလည်းတက်ရောက်လေ့လာခွင့်ပေးခဲ့သည်။ (Xinhua)