Connect with us

Videos

လမ်းတလျှောက် စိမ်းလန်းစိုပြည်စေမည့် အစိမ်းရောင်လွှမ်းသော အဝေးပြေးလမ်းမကြီးဖောက်လုပ်

ချင်းဟိုင်၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချင်းဟိုင်ရှိ Dahuangping အဝေးပြေးလမ်းကို ၂ဝ၁၅ ခုနှစ်နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့သည်။ အဆိုပါ အဝေးပြေးလမ်းဖောက်လုပ်စဉ်မှာပင် ဟင်းသီးဟင်းရွက် သီးပင်စားပင်များ ကိုလည်း လမ်းတလျှောက်စိုက်ပျိုးခဲ့သည်။ Dahuangping အဝေးပြေးလမ်းဆောက်လုပ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူးဖြစ်သူ Yuan Xiaowei က “ကျွန်တော်တို့ ဒီအဝေးပြေးလမ်းမကြီးတစ်ခုလုံးရဲ့ဇီဝဗေဒစနစ်ကို ထိမ်းသိမ်းဖို့အတွက် အရင်ဆုံး ဟင်းသီးဟင်းရွက် တွေကိုစိုက်ပျိုးဖို့စီစဉ်ခဲ့ပါတယ်။အဲဒီနောက်ကျွန်တော်တို့ မြေအနေအထားအလိုက် အပင်တွေကိုစတင်စိုက်ပျိုးခဲ့ပါတယ်။ ဒီလိုနဲ့ အဝေးပြေးလမ်းတလျှောက် လွင်တီးခေါင်ပြင်တွေကို စိမ်းလန်းစိုပြည်စေခဲ့ပါတယ်။ အဝေးပြေးလမ်းဖောက်လုပ်တဲ့လုပ်ငန်းတစ်လျှောက် ကျွန်တော်တို့ လွင်တီးခေါင်ပြင်ဧကပေါင်း ၂၆ ဧက လောက်ကို စိမ်းလန်းစိုပြည်တဲ့ဒေသအဖြစ်ပြောင်းလဲ ခဲ့ပြီးတော့ စွန့်ပစ်မြေဧကပေါင်း ၄ဝ ကျော်ကိုလည်း စိုက်ပျိုးမြေအဖြစ်ပြောင်းလဲခဲ့ပါတယ်။” ဟုဆိုသည်။ အဆိုပါ အဝေးပြေးလမ်းကို ယခုနှစ်အတွင်းဖွင့်လှစ်ရန်လျာထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.