Connect with us

Videos

AIIB ကမြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အားပေးကူညီသွားမည်

နေပြည်တော် ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌ မစ္စတာ ကျင်းလိချွင်(Jin Liqun) က AIIB အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အားပေးကူညီသွား ရာတွင် မြန်မာနိုင်ငံ၌ အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမို မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း အောက်တိုဘာ ၂၅ ရက်တွင် နေပြည်တော်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

AIIB အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားပေးကူညီ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူလူထု ဘ၀ တိုးတက်စေ ရန် ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရေအား လျှပ်စစ် အရင်းအမြစ်ပေါကြွယ်ဝသော နိုင်ငံ ဖြစ်ပြီး လတ်တလော အခြေအနေတွင် ပြည်တွင်း၌ စွမ်းအင် မလုံလောက်မှုများ ရှိသော်လည်း အနာဂတ်တွင် အိမ်နီးချင်း နိုင်ငံများသို့တင်ပို့နိုင်သည့် အခြေအနေရှိကြောင်း၊ မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်ဓာတ်အားပေး စီမံကိန်း ထုတ်လုပ်နိုင်စွမ်းတို့ကို တိုးတက်အောင် တည်ဆောက်နိုင်သည်ဟု ထင်မြင်ကြောင်း၊ အာရှ အခြေခံ အဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုဘဏ်(AIIB)၏ သတ်မှတ် အဆင့်အတန်းများနှင့်ကိုက်ညီပါက မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် အားလုံး ဝိုင်းဝန်းပြီး ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းAIIB ဥက္ကဋ္ဌ ကျင်းလိချွင်က ပြောကြားခဲ့သည်။

AIIB ဥက္ကဋ္ဌ ကျင်းလိချွင်၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.