Videos
APEC အစည်းအဝေးများ၌ တရုတ်နိုင်ငံ၏ မူဝါဒများအားသမ္မတရှီမှ ပြောကြား
မနီလာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
၂၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်း အဝေးကို နိုဝင်ဘာလ ၁၈ ၇က်နေ့ နေ့လည်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အခြားခေါင်းဆောင်များ နှင့်အတူ လက်တွဲ၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည် ပြောကြား လိုက်သည်။
နှစ်ရက်ကြာ ပြုလုပ်မည့် အစည်းအဝေးအတွင်း သမ္မတ ရှီက အာရှ-ပစိဖိတ် ဒေသအတွင်းနှင့် အခြားခေါင်း ဆောင်များအား ပြီးခဲ့သည့်နှစ် ပေကျင်းတွင် ပြုလုပ်ခဲ့သော အေပက်အစည်းအဝေး၏ ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ မူဝါဒအား အသေးစိတ်ရှင်းပြနိုင်မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် နိုဝင်ဘာလ ၁၈ ရက်နေ့၌ ပြုလုပ်သည့် အေပက် (APEC) စီအီးအို ထိပ်သီး အစည်းအဝေး၌ အာရှ-ပစိဖိတ် နိုင်ငံများအတွင်း လွတ်လပ်သော ကုန်သွယ်ဒေသ တည်ထောင်မှု အရှိန် မြှင့်တင် သွားမည် ဖြစ်ကြောင်းနှင့် ဒေသ တွင်း ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များအား နှောင့်ယှက်မည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်း၊ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (FTAAP) သဘောတူညီမှု ခိုင်မာစေရေးနှင့် ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုများအား မြှင့်တင်ရန်အကြံြ့ပုကြောင်း၊ အာရှ-ပစိဖိတ် ဒေသအတွင်း ချိတ်ဆက်မှုများ မြှင့်တင်လျက် ဒေသဆိုင်ရာ စီးပွားရေးအား ပိုမို အားကောင်းလာစေရန် အားထုတ် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ဤကဲ့သို့ ချိတ်ဆက်မှု ကောင်းခြင်းဖြင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု အလားအလာ တိုးတက်လာ နိုင်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။ (Xinhua)