Connect with us

Videos

ကမ္ဘာ့အကြီးဆုံးအဆုတ်ပုံ စုပေါင်းဖန်တီးမှု ဂင်းနစ်စံချိန်တင်

ပေကျင်း၊ နိုဝင်ဘာ(၁၈) ရက် (ဆင်ဟွာ)

စေတနာ့ဝန်ထမ်းပေါင်း ၁၅ဝဝ တို့သည် ပေကျင်းရှိ ဥယျာဉ်ပြခန်းတွင် နိုဝင်ဘာလ (၁၅) ရက်နေ့က စုဝေးခဲ့ပြီး လူ့အဆုတ်ပုံစံကို စုပေါင်းပုံဖော်ခဲ့ကြကာ အကြီးဆုံးလူ့ကိုယ်ခန္ဓာအစိတ်အပိုင်းပုံဖော်ဖန်တီးမှုအဖြစ် ဂင်းနစ်စံချိန်တင် ခဲ့သည်။ ၎င်းတို့သည် မိုးကာအင်္ကျီအနီရောင်နှင့် အပြာရောင်များကို ဝတ်ဆင်လာခဲ့ကြပြီး အဆုတ်ပုံစံကိုပုံဖော်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ပုံဖော်ရာတွင် လူ့အဆုတ် ၌ ကောင်းကင်မှ ကြည့် သည့်အခါတွင် အကြားအလပ် အပေါက် မရှိသည့် ပုံစံအတိုင်းရရှိစေရန် စေတနာ့ဝန်ထမ်းများမှ ကြိမ်ဖန်များစွာနေရာယူ ပြင်ဆင်ခဲ့ကြရသည်။

ပါဝင်သည့် စေတနာ့ဝန်ထမ်းအများစုမှာ တက္ကသိုလ်ကျောင်းသားများနှင့် အကျိုးအမြတ် မယူအဖွဲ့အစည်းများမှ လုပ်အားပေးများဖြစ်သည်။ အဆိုပါ အခမ်းအနားပြီးပြီးချင်း ဂင်းနစ်စံချိန်မှတ်တမ်းကို ပေးအပ်ခဲ့သည်ဟုသိရသည်။ ပွဲစီစဉ်သူက ပြည်သူအများစုသည် အဆုတ်နှင့် ဆိုင်သော ရောဂါများအား သတိထားကာကွယ်နိုင်စေရန် နှင့် လေထုညစ်ညမ်းမှုများအား သတိထားရှောင်ရှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်းဆိုသည်။ တရုတ်နိုင်ငံ ၏ မြို့တော် ပေကျင်းအပါအဝင် တရုတ်နိုင်ငံ ၏ မြောက်ပိုင်း ဒေသတွင် လေထုညစ်ညမ်းမှု အား နှစ်ပေါင်းများစွာ ဆိုးဝါးစွာခံစားခဲ့ရပြီး ဆောင်းရာသီတွင် အနွေးဓါတ် ထုတ်လွှတ်ပေးသော ကျောက်မီးသွေးမီးခိုး မြူခိုးများကြောင့် လေထု အားပိုမို ညစ်ညမ်းစေသည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.