Connect with us

Videos

တရုတ်အာကာသယာဉ် Chang’e-4 ပေါ်ရှိ ဝါဂွမ်းစေ့ မှ အပင်ပေါက်လာ

ချုံချင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ Chang’e-4 အာကာသယာဉ် ဖြင့် လကမ္ဘာပေါ်သို့ သယ်ဆောင်သွားသော ဝါဂွမ်းစေ့ သည် ပထမဆုံးအဖြစ် လကမ္ဘာပေါ်တွင် အပင်ပေါက်လာကြောင်း အသေးစား ဇီဝပတ်ဝန်းကျင်တုစမ်းသပ်မှု အဖွဲ့တစ်ခုမှ သိပ္ပံပညာရှင်များက ဇန်နဝါရီ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ကမ္ဘာမှ မမြင်တွေ့နိုင်သည့် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ပထမဆုံးအကြိမ် ဆင်းသက်ခဲ့ပြီးနောက် တရုတ်အာကာသယာဉ် Chang’e-4 သည် ရှေ့ဆောင်လမ်းပြအဖြစ် ပထမဆုံး ဇီဝပတ်ဝန်းကျင်တုစမ်းသပ်မှုတစ်ခုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Chang’e-4 အာကာသယာဉ်သည် အသေးစား ဇီဝပတ်ဝန်းကျင်တုတစ်ခုကို ဖန်တီးရန် ဝါဂွမ်းစေ့များ၊ စပျစ်စေ့များ၊ အာလူးများ အပါအဝင် ယင်ကောင်ဥများ နှင့် မှိုတစ်ချို့ကို သယ်ဆောင်သွားကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များ ဦးဆောင်သော အဖွဲ့တစ်ခု ကပြောကြားခဲ့သည်။

အာကာသယာဉ်မှ ပေးပို့ခဲ့သည့် ဓါတ်ပုံများတွင် အခြားအစေ့များမှ အပင်ပေါက်လာခြင်းမရှိသော်လည်း ဝါဂွမ်းစေ့မှ ထွက်လာသော အညှောင့်လေးသည် ကောင်းစွာ ကြီးထွားလာကြောင်း တွေ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.