Connect with us

Videos

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှု ၆ လ အတွင်း ပြည်သူများ စတင် အသုံးပြုနိုင်မည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

ခရီးသွား ပြည်သူများ အနေဖြင့် YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုအား ၆ လ အတွင်း စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA) နာယက ဦးဖြိုးမင်းသိန်းက ယနေ့ ပြောကြားခဲ့သည်။

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုအား ၆ လအတွင်း အားလုံး ကျင့်သုံး သွားနိုင်သည့် အဆင့် ဖြစ်ရန် ၊ ၉ လ အကျော်တွင် စီးသလောက်သာ ငွေပေးချေ ရသည့် စနစ်ကို ပြောင်းလဲနိုင်ရန် နှင့် ကတ်များကို လက်လှမ်းမီရာတွင် ဝယ်ယူနိုင်ရန် ကားမှတ်တိုင်များ၏ ဘေးတွင် ရောင်းချပေးနိုင်ရန် ကြိုးစား ပြင်ဆင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်က ယနေ့ရန်ကုန်မြို့၌ ကျင်းပခဲ့သော YRTA ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

YRTA အနေဖြင့် ယခုစနစ်အား အောင်မြင်သည် အထိ ဆက်ပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်က အခမ်းအနားအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

YBS စနစ်ကို နောက်တဆင့် မြှင့်တင်သည့် အနေဖြင့် တစ်ဆင့် ထပ်တက်ရန် Payment Card စနစ် အောင်မြင် ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဝန်ကြီး တစ်ဦး ဖြစ်သူ နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့သည်။

YBS ယာဉ်များတွင် ကတ်စနစ် ကျင့်သုံးနိုင်ရန် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင် တင်ဒါခေါ်ယူ ဆောင်ရွက် ခဲ့ပြီး တင်ဒါ ခေါ်ယူမှု လုပ်ငန်းစဉ် တစ်နှစ်ခွဲ ကြာမြင့်ခဲ့ပြီးနောက် ကုမ္ပဏီပေါင်း ၅၆ ခု အနက်မှ Asia Starmer Transport Intelligence(ASTI)Co.,Ltd ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် Yangon Payment Service Co.,Ltd နှင့် Asia Starmer Transport Intelligence(ASTI)Co.,Ltd တို့အကြား Master Agreement ကို မကြာမီ လက်မှတ် ရေးထိုးပြီးချိန်မှ စတင်၍ ၉ လအတွင်း လိုအပ်သော စက်ကိရိယာများကို ကားအစီးရေ ၄,၀၀၀ တွင် တပ်ဆင်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ ကနဦး တပ်ဆင်မည့် ယာဉ်အစီးရေ ၂,၀၀၀ တွင် YPS Card စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုကို ၆ လအတွင်း ပြည်သူများ စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.