Connect with us

Videos

 ကိုဗစ် တိုက်ဖျက်ရေး အထောက်အကူပြု စမတ်စက်ရုပ်များကို CIFTIS ကုန်စည်ပြပွဲတွင် ပြသ 

ပေကျင်း၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

COVID-19 တိုက်ဖျက်ရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် စမတ်စက်ရုပ်များ ဖြစ်သော အာခေါင်တို့ပတ်နမူနာရယူ စက်ရုပ်(Throat swabbing robot)၊ ဓါတ်ခွဲစစ်ဆေးမှု အထောက်အကူပြုစက်ရုပ်(Collaborative robot)၊ ဘောလုံးစက်ရုပ်(Robot ball)တို့ကို တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းပြပွဲ(CIFTIS)တွင် ပြသခဲ့ကြောင်း သိရသည်။ 

အာခေါင်တို့ပတ်နမူနာရယူနိုင်သော စက်ရုပ်(Throat swabbing robot)

အာခေါင်တို့ပတ်နမူနာရယူနိုင်သော စက်ရုပ်(Throat swabbing robot)တွင် မြွေပုံသဏ္ဍာန် လက်မောင်းတံရှည်၊  မျက်စိတွင် အနုကြည့်မှန်ဘီလူး ၊ wireless transmission equipment ပါရှိရာ လူနှင့်စက်ရုပ်တစ်သားတည်းကျ လှုပ်ရှားဆောင်ရွက်နိုင်ရာ ဆေးဝန်ထမ်းများ ရောဂါကူးစက်မှုကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေကြောင်း သိရသည်။ 

ဓာတ်ခွဲစစ်ဆေးမှု အထောက်အကူပြုစက်ရုပ်(Collaborative robot)

ဓါတ်ခွဲစစ်ဆေးမှု အထောက်အကူပြုစက်ရုပ်(Collaborative robot) YuMi သည် “You and Me”ကို အတိုကောက်နာမည်ပေးထားခြင်းဖြစ်သည်။ ABBထုတ်လုပ်သည့် လက်မောင်းနှစ်ဖက်ပါ YuMi စမတ်စက်ရုပ်သည်  ပိုးမွှားကင်းစင်သည့်အခြေအနေမျိုး(sterile conditions)တွင် ပုလင်းဖွင့်နိုင်ပြီး ဘားကုတ် ကပ်ပေးခြင်းနှင့် စမ်းသပ်ပြွန်မှ ဓါတ်ခွဲနမူနာယူခြင်းများကို ဓါတ်ခွဲခန်းဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရာ ရောဂါကူးစက်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း သိရသည်။ 

ဘောလုံးစက်ရုပ်(Robot ball)

ဘောလုံးစက်ရုပ်(Robot ball)သည် mobile appနှင့် ချိတ်ဆက်၍ အသံဖြင့် ရှေ့တိုးနောက်ဆုတ်သွားလာလှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သည်။ ထိုစက်ရုပ်တွင် ကင်မရာနှင့် ရှာဖွေမီးအိမ်(searchlight)ပါရှိရာ အနီးပတ်ဝန်းကျင်နှင့် ဓါတ်ပုံများကို အချိန်နှင့်တပြေးညီပို့ပေးနိုင်ကြောင်း သိရသည်။ ဘောလုံးစက်ရုပ်(Robot ball)သည် ပိတ်မိနေသည့် နေရာများရှာဖွေနှင့်ကပ်ဘေးကယ်ဆယ်ရေးအတွက် အထောက်အကူဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.