Videos
COVID-19 တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများလက်ချင်းတွဲ ၊ စီးပွားရေးပြန်လည် ဦးမော့စေရန် တွန်းအားပေး
ဟနွိုင်း၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)
ကာလရှည်ဖြစ်ပွားခဲ့သည့် COVID-19 ကပ်ဘေးကြောင့် လူမှုရေးနှင့်စီးပွားရေးထိခိုက်မှုများရှိနေသည့်ကြားမှာပင် တရုတ်နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သည်။
လက်ရှိတွင်တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများအား COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၃၀၀ ကျော်ကို ထောက်ပံ့ပေးပြီး ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များ အပါအဝင် အရေးပေါ် ဆေးဝါးအထောက်အပံ့ပစ္စည်းများစွာကို ထောက်ပံ့ပေးထားခဲ့ပြီးဖြစ်သည်။
ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံကိုကြည့်ပါက တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ယခုနှစ်အတွင်း လှူဒါန်းခြင်းနှင့်ရောင်းချခြင်းအပါအဝင် ကာကွယ်ဆေးအကြိမ်ရေ သန်း၄၀ စာ ခန့် ထောက်ပံ့မည်ဟုသဘောတူညီထားပြီးဖြစ်ကြောင်း ဟိုချီမင်းမြို့ရှိတရုတ်ကောင်စစ်ဝန်ချုပ်က ဆိုသည်။
ကာကွယ်ဆေးထောက်ပံ့မှုများအပြင် တရုတ်နိုင်ငံက အခြားနိုင်ငံများကို ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် အရှိန်မြင့်တိုးတက်လာစေရန် အထောက်အပံ့များပေးအပ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံမှ အရာရှိများနှင့် စီးပွားရေးသမားများကဆိုသည်။
အလားတူ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် ရထားလမ်းဝန်ဆောင်မှုများဖန်တီးကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံပိုင်ရထားသယ်ယူပို့ဆောင်ရေးကော်ပိုရေးရှင်းက ဆင်ဟွာသတင်းဌာနသို့ အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ၁၉၉၁ ခုနှစ်တွင် ကန်ဒေါ်လာ ၈ ဘီလီယံအောက်သာရှိခဲ့ရာမှ ၂၀၂၀ပြည့် နှစ် တွင် အမေရိကန် ဒေါ်လာ ၆၈၄.၆ ဘီလီယံအထိ ၈၅ ဆ မြင့်တက်လာခဲ့ပြီး နှစ်ဘက်စလုံးအတွက် အကြီးဆုံး ကုန်သွယ်ဖက်များဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက တရုတ်နိုင်ငံ နှင့် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံ ၁၅ နိုင်ငံ ပူးပေါင်းကာ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်(RCEP) ကို လက်မှတ်ရေးထိုးခဲ့ရာတွင်လည်း တရုတ်နိုင်ငံသည် ပထမဆုံး အာဆီယံအဖွဲ့ဝင်မဟုတ်သောနိုင်ငံအဖြစ်ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
ဒေသတစ်ခုလုံးကိုလွှမ်းခြုံထားသည့် (RCEP)တွင် စုစုပေါင်း GDP သည် အမေရိကန်ဒေါ်လာ ၂၆.၂ ထရီလီယံ(သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိရာ ၎င်း သည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ဖြစ်ကြောင်း သိရသည်။(Xinhua)
……………………..
(English Version)
GLOBALink | China, ASEAN join hands in fighting COVID-19, boosting economic recovery
HANOI, Oct. 27 (Xinhua) — Amid the prolonged COVID-19 outbreaks and the ensuing social and economic impacts, China has helped the ASEAN (the Association of Southeast Asian Nations) countries with their battle against the pandemic.
So far, China has provided ASEAN member states with over 300 million doses of COVID-19 vaccines, a great number of emergency medical supplies in addition to the support of medical teams.
Take Vietnam, for example, China has agreed to provide Vietnam with nearly 40 million doses of vaccines, including donated and sold ones this year, according to the Chinese Consulate General in Ho Chi Minh City.
In addition to the provision of vaccines, China has acted as a springboard for countries to speed up trade, investment, transport and tourism, said Vietnamese officials and economists.
Meanwhile, China is actively facilitating trade in ASEAN with the launches of cross-border railway services, an official at the state-owned Vietnam Railway Corporation told Xinhua on Monday.
According to China’s official data, trade between China and ASEAN skyrocketed by 85 times to 684.6 billion U.S. dollars in 2020 from less than 8 billion U.S. dollars in 1991, making the two sides each other’s largest trading partners.
China was also the first non-ASEAN member to complete ratification of the Regional Comprehensive Economic Partnership (RCEP) inked by 15 Asia-Pacific countries, including China and ASEAN’s 10 member states in November last year.
Covering a region with a combined GDP of 26.2 trillion U.S. dollars, or about 30 percent of global GDP, RCEP is the world’s largest free trade deal.
Produced by Xinhua Global Service