Connect with us

Videos

နိုဝင်ဘာ ၁ ရက်တွင် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ် ၉ခုမှ မြို့နယ် (၄၆)မြို့နယ်မှ အပ ကျန်မြို့နယ်များမှ အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်းများ အပါအဝင်) နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၈ ရက် က ထုတ်ပြန်သောသတင်းအရ သိရသည်။COVID-19 ရောဂါကူးစက်မှုအား ကာကွယ်၊ထိန်းချုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ လွန်ခဲ့သော ၁၄ရက်အတွင်း လူဦးရေ ၁သိန်းလျှင် ဓာတ်ခွဲလူနာတွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက် ပိတ်ထားမည့် တိုင်းဒေသကြီး/ပြည်နယ် ၉ခုမှ မြို့နယ် (၄၆)မြို့နယ်သည် ကချင်ပြည်နယ်ရှိ ေနာင်မွန်၊ ပူတာအို၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းနှင့် ချီဖွေမြို့၊ ကယားပြည်နယ်ရှိ ဖားဆောင်း၊ဘော်လခဲနှင့် မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်ရှိ ဖာပွန်နှင့် သံတောင်ကြီး၊ချင်းပြည်နယ်ရှိ ဖလန်းနှင့် ဟားခါးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီးမြို့၊မကွေးတိုင်းဒေသကြီးရှိ ဆော၊ ထီးလင်း၊ကံမနှင့် ဆင်ပေါင်ဝဲ၊မန္တလေးတိုင်းဒေသကြီးရှိ မိတ္တီလာမြို့၊ရခိုင်ပြည်နယ် ဂွမြို့၊ ရှမ်းပြည်နယ်ရှိ နောင်ချို၊ ကျိုင်းထုံ၊မိုင်းဖြတ်၊မိုင်းယောင်း၊ ဆီဆိုင်၊ယင်းတယ၊ ပင်လောင်း၊ရပ်စောက်၊ ဟိုပုံး၊ ကွက်ခိုင်၊ နမ့်ခမ်း၊မဘိမ်း၊မိုင်းဆတ်၊မိုင်းတုံ၊ ကွမ်းလုံ၊လားရှိုး၊ သိန္နီ၊ မိုင်းနဲ၊ မိုင်းပမ်၊ မောက်မယ်၊ လင်းခင်း၊ ကွန်ဟိန်း၊နမ့်စန်၊မိုင်းရှူး၊ လဲချားနှင့် လွိုင်လင်မြို့တို့ဖြစ်ကြောင်း သိရသည်။(Xinhua)