Connect with us

Videos

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် အိုဆာကာမြို့သို့ရောက်ရှိ

အိုဆာကာ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် အိုဆာကာမြို့သို့ ယနေ့ ဇွန်လ ၂၇ ရက်တွင် အထူးလေယာဉ်ဖြင့်ရောက်ရှိလာခဲ့သည်။

သမ္မတ ရှီနှင့် အတူ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး နှင့် ဗဟို လုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် လျှိုဟဲ(Liu He) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ညွှန်ကြားရေးမှူး ဟယ်လိဖုန်း (He Lifeng) တို့ လိုက်ပါသွား ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.