Connect with us

Videos

၂၀၁၆ ခုနှစ် G20 ထိပ်သီး အစည်းအဝေးအား တရုတ်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်

အန်တယ်ရာ၊ တူရကီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ် G20 ထိပ်သီး အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး အနောက် သဘာဝ ရေအိုင်ဟု တင်စား ခေါ်ဝေါ်ခြင်း ခံရသည့် ဟန်ကျိုးမြို့ အရှေ့ပိုင်းတွင် ၂၀၁၆ ခုနှစ်၏ စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် ပြုလုပ်မည်ဟု သမ္မတ ရှီကျင့်ဖိန်က ကြေညာခဲ့ပါသည်။

တရုတ်နိုင်ငံ အနေဖြင့် ပြင်ဆင်ရေး အပိုင်းတွင် ပွင့်လင်းမြင်သာမှု သဘောထားများ နှင့်အတူ G20 အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ပြီး ခိုင်မာသော နည်းလမ်းများဖြင့် ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးခြင်းများအား ပူးတွဲ လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံသည် G20 ဥက္ကဋ္ဌ နေရာအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းယူမည် ဖြစ်ပြီး ဆက်စပ် အစည်းအဝေးများအား လာမည့်နှစ် အတွင်း ကျင်းပသွားရန် ရှိကြောင်း G20 ရေးရာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၏ အထူးသံတမန် ဝမ်ရှောက်လုံ ကပြောသည်။

G20 အစည်းအဝေးအား အာရှ ငွေကြေး အကျပ်အတည်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ် အရာရှိများက ၁၉၉၉ ခုနှစ်တွင် စတင် စုဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင်များတွင် ဥရောပ သမဂ္ဂမှ နိုင်ငံပေါင်း ၁၉ နိုင်ငံ ပါဝင်သည်။ G20 အစည်းအဝေးတွင် ကမ္ဘာ့ စီးပွားရေးနှင့် ငွေကြေး ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး အဖြေရှာကြသည့် အစည်းအဝေးဖြစ်သည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.