Connect with us

Videos

တရုတ်နိုင်ငံတွင် ပျံသန်းနိုင်သောကျောပိုးအိတ်အားအဆင့်မြင့်နည်းပညာပြပွဲတွင်ပြသခဲ့

ရှန်ကျန်း၊ နိုဝင်ဘာ(၂ဝ)ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အထူးအရေးပါသောလျှပ်စစ်ပစ္စည်းပြပွဲ တစ်ခုဖြစ်သည့် ၁၇ ကြိမ်မြောက် တရုတ်အဆင့်မြင့်နည်းပညာပြပွဲ အား တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့တွင် ကျင်းပခဲ့သည်။

အဆိုပါပြပွဲတွင် တရုတ်ကုမ္ပဏီတစ်ခုမှ အနာဂတ်တွင်မြို့တော်၏ သယ်ယူပို့ဆောင်ရေးနှင့် ကယ်ဆယ်ရေးကဏ္ဍများတွင် အသုံးပြုနိုင်စေရန် တီထွင်ဖန်တီးထားသော ပျံသန်းနိုင်သော ကျောပိုးအိတ်တစ်မျိုးအားပြသခဲ့သည်။
အဆိုပါ ကျောပိုးအိတ်အား မာတင် လေယာဉ်လိုင်းပိုင် နယူးဇီလန် လေကြောင်း ကုမ္ပဏီမှ တီထွင်ခြင်းဖြစ်ပြီး ၂ဝ၁ဝ ခုနှစ် တိုင်းမ် မဂ္ဂဇင်းမှ သတ်မှတ်ပေးသော အကောင်းဆုံး တီထွင်ဖန်တီးမှှု (၅ဝ)ထဲတွင် ထည့်သွင်းသတ်မှတ်ခြင်းခံခဲ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ က ရှန်ကျန်းရှိ ကွမ်ချိ science ဆိုသည့် တရုတ်ကုမ္ပဏီက မာတင် လေကြောင်း ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး မာတင်ကုမ္ပဏီ ၏ ရှယ်ယာ ၅၂ ရာခိုင်နှုန်းအား ပိုင်ဆိုင် ခဲ့ကြောင်းသိရသည်။
မာတင်ကျောပိုးအိတ်သည် ကမ္ဘာ့ပထမဆုံး လက်တေ့ွအသုံးပြုနိုင်သောကျောပိုးအိတ်ဖြစ်ပြီး ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ စစ်ဘက်ဆိုင်ရာလုပ်ငန်းများ၊ အပန်းဖြေရေးနှင့်ဆိုင်သောကိစ္စများ၊ စီးပွားရေးဆိုင်သော လုပ်ငန်းများနှင့် မောင်းသူမဲ့ရော မောင်းသူ နှင့်ပါ အသုံးပြုနိုင်သည်။
လက်ရှိ စမ်းသပ်မှုများအရ အဆိုပါ ကျောပိုးအိတ်သည်မိနစ် ၃ဝ ကြာ အသုံးပြုမောင်းနှင်နိုင်မည်ဖြစ်ပြီး တစ်နာရီကို ၇၄ ကီလိုမီတာနှုန်းနှင့် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁ထောင် အထိ ပျံသန်းသွားလာနိုင်မည်ဖြစ်သည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.