Videos
G20 ထိပ်သီးနိုင်ငံများ၏ အထိမ်းအမှတ်နေရာများကို သဲပန်းပုထုလုပ်ဂုဏ်ပြု
ကျဲ့ကျန်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတအိမ်ဖြူတော်၊ လစ်ဘာတီရုပ်တု ၊ ဒစ်စနေး ရဲတိုက် စသဖြင့် G20 ထိပ်သီးနိုင်ငံများ၏ အထိမ်းအမှတ်နေရာ သဲပန်းပုပေါင်း ၅ဝကျော်ကို တရုတ်နိုင်ငံ အရှေ့ပိုင်းကျဲ့ကျန်းပြည်နယ်တွင် ပြသထားသည်။ ထိုသဲပန်းပုများမှာ တရုတ်နိုင်ငံ အရှေ့ပိုင်းကျဲ့ကျန်းပြည်နယ်ကျိုးရှန်းမြို့တွင် G20 ထိပ်သီး အစည်းအဝေး ကျင်းပချိန် နိုင်ငံတကာ သဲပန်းပုပြပွဲ တွင်ပြသခဲ့သည်။ တရုတ် ၊ နယ်သာလန်၊ ကနေဒါ၊ စပိန်နှင့် ချက် သမ္မတနိုင်ငံ တို့ မှ သဲပန်းပုပညာရှင်များက ပါဝင် ထုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထို ပန်းပုရုပ်များကို သဲတန်ချိန်ပေါင်း 20000 ကုဗမီတာ ကို အသုံးပြု ပြီး ထုလုပ် ခဲ့ခြင်းဖြစ်ပြီး ထို သဲပန်းပုရုပ်များကို 2017 ခုနှစ် မေလအထိ ပြသသွားမည်ဟုသိရသည်။ (Xinhua)