Connect with us

Videos

ကမ္ဘာ့အကြီးဆုံးအဖွင့်အပိတ်ပြုလုပ်နိုင်သည့် ကြာပန်းသဏ္ဍာန်အမိုးခုံးအဆောက်အအုံဖွင့်လှစ်မည်

ဟူနန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျန်းကျားကျဲ မြို့တွင် ကမ္ဘာ့အကြီးဆုံးအဖွင့်အပိတ်ပြုလုပ်နိုင်သည့် ကြာပန်းသဏ္ဍာန်အမိုးခုံးအဆောက်အအုံဖွင့်လှစ်တော့မည်ဖြစ်သည်။ အဆိုပါ အဆောက်အအုံကို အပေါ်စီးမှ ကြည့်သည့်အခါ ကြာပန်းသဏ္ဍာန်မြင်တွေ့ရမည်ဖြစ်သည်။ စတီးသတ္တုစပ် အုပ်ကြွပ် ၁ဝ ချပ်ဖြင့် ကြာပန်းပွင့်ဖတ်များပုံဖော်ထားခြင်းဖြစ်သည်။ ထို ကြာပန်းပွင့်ဖတ်များမှာ ၁ဝ မိနစ်အတွင်း ပိတ်နိုင်ဖွင့်နိုင်သည်။ အဆောက်အဦးတွင် ဧရိယာစတုရန်းကီလိုမီတာပေါင်း ၂၁ဝဝဝ မီတာကျယ်ဝန်းပြီး ဧည့်သည်ပေါင်း ၃၈ဝဝ ဆန့်သည်။ ထို အဆောက်အဦးကို စက်တင်ဘာ၁ဝ ရက်နေ့တွင် ဖွင့်လှစ်ရန် လျာထားသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.