Videos
ပြည်ထောင်စုအဆင့် JMC သတ္တမအကြိမ်မြောက် အစည်းအဝေး ရန်ကုန်၌ သုံးရက် ကျင်းပမည်
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) အစည်း အဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ စက်တင်ဘာ ၁၃ရက်မှ ၁၅ရက်နေ့ထိ သုံးရက်ကြာ ကျင်းပဆွေးနွေးလျက်ရှိသည်။ အဆိုပါ ဆွေးနွေးပွဲ ပထမရက်တွင် JMC-TSC ယာယီရုံး၏ တည်နေရာအခြေအနေ၊ ၃နှစ်စာ ဘတ်ဂျက် အခြေ အနေ၊ ဆဌမအကြိမ်အစည်း အဝေးတွင် ဆွေးနွေးရန်ကျန်ရှိသော အချက်များကို ဆက်လက် ဆွေးနွေး ခြင်း၊ JMC –S ပဲခူး/ကရင်-၂နှင့် JMC-S(ချင်း)တို့ ဖွဲ့စည်းခြင်းများ ဆွေးနွေးခြင်း၊ ကြားကာလများတွင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည် ဖော်မှုများ ဆွေးနွေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။JMC သတ္တမအကြိမ်မြောက် အစည်းအဝေး၌ အထွေထွေ ဆွေးနွေးခြင်းများဖြစ်သော JMCဆိုင်ရာ အချက်အလက် စနစ်များ၊ နယ်မြေသတ်မှတ်မှုများ၊ မိုင်းရှင်းလင်းရေး များ၊ နိုင်ငံတကာ အထောက်အကူပြု ပညာရှင်များ၊ ဆက်ဆံရေးကိစ္စများနှင့်JMC-Uအစည်းအဝေး နောက်တစ်ကြိမ် အတွက် နေရာသတ်မှတ်ခြင်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။(Xinhua)