Connect with us

Videos

မြန်မာတရုတ်နယ်စပ်ရွှေလီအဝေးပြေးလမ်းအစိတ်အပိုင်းရှိကမ္ဘာအမြင့်ဆုံးကြိုးတံတား ယခုနှစ်ကုန်တွင်ဖွင့်မည်

ကွေ့ကျိုး၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုး ပြည်နယ်တွင်တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အမြင့်ဆုံးကြိုး တံတားကြီး မှာ တည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။ ပေဖိုင်ကျန်းတံတားဟု အမည်ရသည့် တံတားမှာ တောင်ကြားမှ ၅၇ဝ မီတာအမြင့်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းတံတား၏ အမြင့်မှာ အထပ် ၂ဝဝ ထပ် ရှိ အဆောက်အဦး ၏ အမြင့်ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် ကြိုးများဖြင့် စတင်ချိတ်ဆွဲပြီး တည်ဆောက်ရေးလုပ်ငန်းခွင်စတင်ခဲ့သည်။ ၁၃၄၁ မီတာရှည်သည့် တံတားအပိုင်း ၂ ပိုင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၁ဝ ရက်နေ့က ချိတ်ဆက်နိုင်ခဲ့သည်။ အဆိုပါတံတားမှာ ဟန်ကျိုးပြည်နယ် ကျဲ့ကျန်းမြို့နှင့် တရုတ် – မြန်မာ နယ်စပ်မြို့ ဖြစ်သည့် ရွှေလီမြို့တို့ကို ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမကြီး ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုတံတားကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.