Connect with us

Videos

Miss Myanmar International 2018 သရဖူအား အလှမယ် မေယုခတ္တာ ရရှိ

ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

Miss Myanmar International 2018 Grand Final ပြိုင်ပွဲအား ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ အလှမယ် သရဖူ Winner ဆုအား ခါးနံပါတ် (၂၈)အလှမယ် မေယုခတ္တာ က ရရှိသွားခဲ့သည်။

ထို့အတူ 1st Runner Up ဆုကို ခါးနံပါတ် ( ၁) ပိုးအိမ့်စင် နှင့် 2nd Runner Up ဆုကို ခါးနံပါတ်(၁၆ ) နေခြည်ထက် တို့က ရရှိခဲ့ပြီးအခြားTitle ဆုများ ဖြစ်သည့် Miss Congeniality ဆုအား ခါးနံပါတ် ( ၁၉ ) ခင်စကားဝါဝင်း က လည်းကောင်း ၊ Miss Photogenic ဆုအား ခါးနံပါတ် ( ၂ ) ဖြိုးပပထူးက လည်းကောင်း ၊ Miss Popular ဆုအား ခါးနံပါတ် ( ၂၄) ရွှန်းယမုံ တို့က အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Miss Myanmar International 2018 Grand Final ပြိုင်ပွဲတွင် ၁၉၆၀ ခုနှစ် ဖက်ရှင် အဝတ်အစားများဖြင့် ဆန်ကာတင် အလှမယ် ၂၀ ဦးမှ အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ကြသည်။ Miss Myanmar International 2018 သရဖူ Winner ဆု ရရှိသူ အလှမယ် အား ငွေကျပ် သိန်း ၁၀၀ ၊ 1st Runner Up ဆု ရရှိခဲ့သူ အလှမယ် အား ငွေကျပ် သိန်း ၆၀ နှင့် 2nd Runner Up ဆု ရရှိသူ အလှမယ် အား ငွေကျပ် သိန်း ၄၀ တို့အပါအဝင် ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

Miss Myanmar International 2018 သရဖူ Winner ဆု ရရှိသူ အလှမယ် သည် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အဖြစ် ဂျပန် နိုင်ငံတွင် ကျင်းပ မည့် Miss International 2018 ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.