Videos
လေးပွင့်ဆိုင် ဆွေးနွေးပွဲ မှ ကျောင်းသား သပိတ် တောင်းဆိုချက် ၁၁ ချက် မူအားဖြင့် သဘောတူညီမှုရ

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး သပိတ်မှောက် ကျောင်းသားတွေရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တောင်းဆိုချက် (၁၁) ချက်ကို အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ မူအားဖြင့် သဘောတူလိုက်ပါတယ်။