Connect with us

Education & Health

သပိတ်မှောက် ကျောင်းသားများနှင့် ဥပဒေကြမ်းကော်မတီ တွေ့ဆုံ

သပိတ်မှောက် ကျောင်းသားများနှင့် ဥပဒေကြမ်း ကော်မတီတွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ ရောက်ရှိနေသည့် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းမှ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ၉ ဦးနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ကျောင်းသားသပိတ် ခေါင်းဆောင်တွေဖြစ်သော ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမင်းထက်နေ၊ ကိုမင်းသွေးသစ်၊ ကိုရဲရင့်ကျော်၊ မဟန်နီဦး၊ ကိုအောင်မှိုင်းဆန်း၊ နန္ဒစစ်အောင်နဲ့ ကိုအောင်နေပိုင် တို့ (၉) ဦးကို ဦးတီခွန်မြတ် ခေါင်းဆောင်သည့် ပြည်သူ့လွှတ်တော် ဥပေဒကြမ်း ကော်မတီမှ လက်ခံတွေ့ဆုံပြီး ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားများ အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းကို တွေ့ခွင့်တောင်းခဲ့ပြီး ဦးရွှေမန်းက ဥပဒေကြမ်း ကော်မတီကို တာဝန်ပေး တွေ့ဆုံစေခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117