Connect with us

Education & Health

အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲ၌ ကျောင်းသားကိုယ်စားများ မဆွေးနွေးဘဲ ပြန်လည်ထွက်ခွာ

ပဲခူးတိုင်း လက်ပံတန်းမြို့ တွင်ကျောင်းသားများ ဆန္ဒပြ နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

အမျိုးသားလွှတ်တော်တွင် ကျင်းပသော အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲသို့ ကျောင်းသားကိုယ်စားလှယ်များ ရောက်ရှိလာပြီး လက်ရှိ လက်ပံတန်း သပိတ်အခြေအနေကြောင့် မဆွေးနွေးဘဲ ပြန်လည် ထွက်ခွာခဲ့ကြောင်း တက်ရောက်ခဲ့သော ကျောင်းသား ကိုယ်စားလှယ် ကိုဇေယျာလွင်က ပြောကြားသည်။

ကျောင်းသား ကိုယ်စားလှယ်များအနေနှင့် လက်ပံတန်း သပိတ်စစ်ကြောင်း အခြေအနေကြောင့် ကြားနာပွဲတွင် ဆွေးနွေးမှုမပြုဘဲ ထွက်ခွာသွားခဲ့သော်လည်း လက်ရှိ ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော် အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“သူတို့ မဆွေးနွေးဘူး၊ အကြားနာမခံဘူး။ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နဲ့အတူ တင်ထားတဲ့ ပြင်ဆင်မှုကတော့ ပါပြီးသား။ အဲဒီအပေါ်မှာ အများက သုံးသပ်ပြီးတော့ ဆုံးဖြတ်ပြီးတော့ သူတို့ခံရမှာလေ။ တကယ်မှာ သူတို့ရဲ့ ဆန္ဒကို ထပ်မပေးတော့ဘူးဆိုရင် မူလ သူတို့တင်ထားတဲ့ဟာကိုပဲ အများက စဉ်းစားပြီးတော့ ဆွေးနွေးကြမယ်ဟု” အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

အမျိုးသားလွှတ်တော်တွင် အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာမည့် အစီအစဉ်ကို မတ်လ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး သပိတ်မှောက်ကျောင်းသား၊ ပညာရေးကွန်ရက်၊ နိုင်ငံရေးပါတီများ အပါအဝင် အစုအဖွဲ့ (၆) ဖွဲ့က အယောက် (၂၀) စီ သီးခြား ကြားနာမည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117