Connect with us

Videos

ရှန်ကျိုး-၁၆ လူတင်အာကာသယာဉ် လွှတ်တင်မှု အပြည့်အဝ အောင်မြင် ၊ တရုတ်အာကာသစခန်း ဘက်စုံတည်ဆောက်ပြီးနောက် လူလိုက်ပါပျံသန်းမှုမစ်ရှင် စတင်

ကျိုချွမ်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၁၆(Shenzhou-16) လူတင်အာကာသယာဉ် တင်ဆောင်ထားသော Long March 2F Yao-16 သယ်ဆောင်ရေး ဒုံးပျံကို မေ ၃၀ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့သည်။ ထိုသို့ လွှတ်တင်ပြီး ၁၀ မိနစ်ခန့်အကြာတွင် ရှန်ကျိုး-၁၆ လူတင်အာကာသယာဉ်သည် သယ်ဆောင်ရေးဒုံးပျံမှ ခွဲထွက်ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ၊ အာကာသယာဉ်မှူးအဖွဲ့ အခြေအနေကောင်းမွန်ကြောင်းနှင့် အာကာသယာဉ်လွှတ်တင်မှု အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————–

(神舟十六号)神舟十六号载人飞船发射取得圆满成功 中国空间站全面建成后首次载人飞行任务开启
新华社酒泉5月30日电 5月30日9时31分,搭载神舟十六号载人飞船的长征二号F遥十六运载火箭在酒泉卫星发射中心点火发射,约10分钟后,神舟十六号载人飞船与火箭成功分离,进入预定轨道,航天员乘组状态良好,发射取得圆满成功。