Connect with us

Videos

NCA တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး တို့လက်မှတ်ထိုးပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ပါဝင် လက်မှတ်ထိုးသည့် အခမ်းအနားကို နေပြည်တော် MICC II ၌ ယနေ့ နေ့လယ်ပိုင်းတွင်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်သစ်ပါတီ နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ကိုယ်စား မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က မိန့်ခွန်းပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှတ်တမ်း ရုပ်ရှင် ပြသခြင်း၊ NCA အနှစ်ချုပ်ကို ဖတ်ကြားခြင်း၊ စာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် အပြန်အလှန် လဲလှယ်ခြင်းများကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုတိယ သမ္မတများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော် အကြီးအကဲများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ၊ လက်မှတ်ထိုးသည့် ပါတီ နှစ်ခုမှ ခေါင်းဆောင် ခြောက်ဦး၊ ပြည်တွင်း အသိသက်သေ ၂၀ ဦး၊ ပြည်ပ အသိသက်သေ ခြောက်ဦးနှင့် မြန်မာနိုင်ငံ အခြေစိုက် သံတမန်များ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ NCA လက်မှတ် ရေးထိုးပြီး အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြသည်။ ထို့သို့ရေးထိုးလိုက်ခြင့်ဖြင့် NCA အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/ KNLA-PC) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) (RCSS /SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တိုင်းရင်းသား လက်နက်ကိုင် ၁ဝ ဖွဲ့အထိ ရှိလာပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.