Connect with us

Videos

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ လေးစားအတုယူဖွယ် ၂ဝ၁၈ ခုနှစ် နှစ်သစ်မိန့်ခွန်းကောက်နှုတ်ချက်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် မိမိတို့အနေဖြင့် လုပ်ကိုင်ဆောင်ရွက် ရမည့် အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်သည့်နေရာတွင် မဖြစ်နိုင်သော စိတ်ကူးအကြံဉာဏ် များ နှင့် မခိုင်မာသောနည်းလမ်းစသည့် လမ်းမှားများကိုရှောင်ရှားရမည်ဖြစ်ကြောင်းနှင့် တိကျခိုင်မာစွာ ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြာင်းပြောကြားခဲ့သည်။ ပြည်သူများအတွက် ပညာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ၊ လူမှုဘဝလုံခြုံရေး၊ ကျန်းမာရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ အိုးအိမ်နှင့် ပတ်ဝန်းကျင် စသည်များကို ဆောင်ရွက်ပေးနိုင်ခြင်းက အဓိကအချက်ဖြစ်ကြောင်း ဆိုသည်။

အောင်မြင်မှုများကိုပြည်သူများက ဆောင်ကြဉ်းပေးခြင်းသာဖြစ်ပြီး ထိုအောင်မြင်မှုများကိုပြည်သူများ နှင့်သာ မျှဝေခံစားရမည်ဖြစ်ကြောင်းသမ္မတရှီကဆိုသည်။ ပြည်သူများအတွက်ဆောင်ရွက်ပေးရာတွင် ကိစ္စရပ်တိုင်းမှာ ကျေနပ်အားရမှုရှိသည်တော့မဟုတ် ပါကြောင်း၊ လိုအပ်ချက်များမှာ မိမိတို့၏ ရည်မှန်း ချက်ပန်းတိုင်နှင့် တာဝန်ယူမှု တာဝန်ခံမှုတို့အပေါ်တွင်မူတည်ပါကြောင်း၊ ပြည်သူများ၏ လူမှုဘဝဖူလုံရေးဖွံ့ဖြိုးတိုးတက်ရန် ထိရောက်သော ရလဒ် ထွက်ပေါ်ရန်မိမိတို့ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံကောင်းစွာအကျိုးဖြစ်ထွန်းစေရန် တရုတ်ပြည်သူအများစုမှာ စွန့်လွှတ်အနစ်နာခံခဲ့ကြပါကြောင်း မိမိအနေဖြင့် တရုတ်လူမျိုးသန်းပေါင်းများစွာ ကို ကြီးမြတ်သည်ဟုခံစားမိပါကြောင်းနှင့် ခက်ခဲသောအလုပ်များကိုကြိုးစားလုပ်ကိုင်သည့်အောင်မြင်မှုမှတစ်ဆင့် ပျော်ရွှင်မှုကိုခံစားရပါကြောင်းဆိုသည်။ သမ္မတရှီကျင့်ဖိန်၏ လေးစားအတုယူဖွယ် နှစ်သစ်မိန့်ခွန်းကောက်နှုတ်ချက်ကို ဆင်ဟွာသတင်းဋ္ဌာနမှ စုစည်းတင်ပြခြင်းဖြစ်ပြီး အောက်ပါvideo တွင် ဆက်လက်ရှုစားနိုင်ကြပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.