Videos
တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံက သမိုင်းဝင် အရေးပါမှုဖြစ်ကြောင်း စာနယ်ဇင်းသမားများဆို
ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံရဲ့ အဓိက ဆုံးဖြတ်ချက်တွေဟာ သမိုင်းဝင် အရေးပါမှုဖြစ်ကြောင်း အဆိုပါ ပါတီညီလာခံကို တက်ရောက်နေကြတဲ့ စာနယ်ဇင်းသမား အချို့က သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံရဲ့ အနေအထားကြောင့် ဒီပါတီညီလာခံကို နိုင်ငံအားလုံးက စောင့်နေကြပါတယ်။ ဒီညီလာခံက လူတိုင်းအတွက် အရေးကြီးပါတယ်။ တရုတ်ရဲ့ စီးပွားရေးက ကမ္ဘာ့စီးပွားရေးကို အထောက်အကူပြုထားတယ်၊ ဒါကြောင့်ပဲ တရုတ်နိုင်ငံက အနာဂတ်အတွက် ဘာဆုံးဖြတ်ချက်ချမှတ်မလဲဆိုတာကို ကမ္ဘာကြီးက စောင့်ကြည့်နေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။