Connect with us

Videos

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံက အမျိုးသား ပြန်လည် အားသစ်လောင်းခြင်းအတွက် အရေးပါသောအဆင့်ဟု ကိုယ်စားလှယ်ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံက အမျိုးသား ပြန်လည် အားသစ်လောင်းခြင်းအတွက် အရေးပါသောအဆင့်ဟု ကိုယ်စားလှယ်ပြောကြား

ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံသည် တရုတ်ပြည်သူများကို အမျိုးသား ပြန်လည် အားသစ်လောင်းမှု အကောင်အထည်ဖော်ရေးအတွက် အရေးပါသော အဆင့်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ကိုယ်စားလှယ်တစ်ဦးက အောက်တိုဘာ ၁၆ ရက်တွင် ပေကျင်းမြို့၌ ပါတီညီလာခံ မစတင်မီ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ရှဲ့ချွန်းထောင်းက “တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံရဲ့ အစီရင်ခံစာက လာမယ့် ငါးနှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီးတော့ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရက ဒီအစီရင်ခံစာအတွက် သေသေချာချာ ပြင်ဆင်ထားခဲ့ပြီးတော့ ရည်မှန်းချက်ဆီ အရောက်သွားဖို့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဆောင်ရာမှာလည်း တစ်ခြားနိုင်ငံတွေရဲ့ နိုင်ငံရေးပါတီတွေထဲမှာ မတွေ့ဖူးသလောက်ပါပဲ။ အဲဒီလို အမြင်သဘောထား တောင်းခံရာမှာ ပါဝင်သူအရေအတွက်က ၄,၇၀၀ ကျော်သွားပြီလို့ ပြောရပါမယ် ။
ဒီအစီရင်ခံစာဟာ အလွန်စေ့စပ်သေချာပြီး လေးနက်မှုရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံက တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမှာ ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်သွားမှာ ဖြစ်ပြီးတော့ ပိုမို လျင်မြန်၊ တည်ငြိမ်ကောင်းမွန်တဲ့ ခေတ်မီနိုင်ငံ တစ်နိုင်ငံအဖြစ် ဖွင့်လှစ်ပေးဖို့အတွက် အထောက်အကူပေးပါလိမ့်မယ်။ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံသည် တရုတ်ပြည်သူများကို အမျိုးသား ပြန်လည် အားသစ်လောင်းမှု အကောင်အထည်ဖော်ရေးအတွက် အရေးပါသော အဆင့်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)

——————————————
20th CPC National Congress an important step for national rejuvenation: delegate
Just before the start of the 20th National Congress of the Communist Party of China (CPC) in Beijing on Sunday, a delegate said the congress will become an important step for the Chinese people to realize national rejuvenation.
SOUNDBITE (Chinese): XIE CHUNTAO, Delegate to 20th CPC National Congress
“The report of the 20th CPC National Congress will be beneficial for the development of China in the next five years or even longer. The central government has been fully prepared for this report, and the efforts made towards that goal have rarely been seen in other countries’ parties ever. I have to say that the number of people involved in such opinion solicitation exceeded 4,700. So I believe this report is very thorough and profound. The 20th CPC National Congress will play a leading role in China’s development, and help to usher in a faster, more steady and better modernized country. I believe the national congress will become an important step for the Chinese people to realize national rejuvenation.”
Xinhua News Agency correspondents reporting from Beijing.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.