Videos
ရီးရဲလ်ဆိုစီဒက်အသင်းက နည်းပြဖြစ်သူ ဆာဂျီယို ဖရန်ဆစ်စကိုအား ထုတ်ပယ်
မက်ဒရစ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ရီးရဲလ်ဆိုစီဒက်အသင်းမှာ လာလီဂါတွင် ၁၆ ပွဲသာ ကစားပြီးချိန်တွင် နည်းပြဖြစ်သူ ဆာဂျီယို ဖရန်ဆစ်စကိုအား ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပယ်လိုက်ပြီး ဘီ-အသင်းနည်းပြဖြစ်သူ အိုင်ယွန် အန်ဆိုတယ်ဂီအား ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။ဒီဇင်ဘာ ၁၂ ရက်က ဂျီရိုနာကို အိမ်ကွင်း၌ ၁-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ဆိုစီဒက်အနေဖြင့် ၁၆ ပွဲ ကစားထားရာ ၁၆ မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင် ရောက်ရှိနေပြီးနောက် အသင်းဘက်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးအားကစားကွင်းတွင် ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ရီးရဲလ်ဆိုစီဒက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကိုပါဒယ်ရေး (စပိန်ဘုရင့်ဖလား) ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ရီးရဲလ်ဆိုစီဒက် ကစားသမားများအား တွေ့ရစဉ် (ဆင်ဟွာ)
“ရီးရဲလ်ဆိုစီဒက်အသင်းက နည်းပြ ဆာဂျီယို ဖရန်ဆစ်စကိုကို သူ့ရဲ့အလုပ်တာဝန်တွေကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ဟာ ဒီနေ့ကစပြီး သက်ရောက်မှုရှိမှာပါ” ဟု ကလပ်အသင်းက သတင်းထုတ်ပြန်ခဲ့ပြီး ၎င်းမှာ လူငယ်အသင်းတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သလို လွန်ခဲ့သည့်ရာသီက ဘီ-အသင်းအား စပိန်ဒုတိယတန်းသို့ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဖရန်ဆစ်စကိုမှာ ယခင်နည်းပြ Imanol Alguacil နုတ်ထွက်သွားပြီးနောက် နွေရာသီတွင် ဆိုစီဒက်နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ခြင်းဖြစ်သော်လည်း ပထမဆုံးလိဂ်ပြိုင်ပွဲ ၉ ပွဲတွင် တစ်ပွဲသာအနိုင်ရရှိခဲ့သည်။ ထို့နောက် ခဏတာ ခြေစွမ်းပြန်လည်ကောင်းမွန်လာခဲ့ပြီး အက်သလက်တစ် ဘီဘာအိုနှင့် အိုဆာဆူနာတို့ကို အနိုင်ရခဲ့သည့် ပွဲစဉ်များအပါအဝင် နိုင်ပွဲသုံးပွဲ၊ သရေတစ်ပွဲ ရရှိခဲ့သည်။
သို့သော် ဗီလာရီးရဲလ်ကို နာကျင်အချိန်ပိုသွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို မြို့ခံပြိုင်ဘက် အလာဗက်စ်ကိုလည်း ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်ကလည်း ဂျီရိုနာကို ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် ထိုအခိုက်အတန့်များ အဆုံးသတ်သွားခဲ့သည်။
ရီးရဲလ်ဆိုစီဒက်အနေဖြင့် တတိယတန်းကလပ် Eldense နှင့် ကစားမည့် ကိုပါဒယ်ရေး (စပိန်ဘုရင့်ဖလား) ပွဲစဉ်၊ ထို့နောက် ၎င်းနည်းတူ ရုန်းကန်နေရသော လီဗန်တေးအသင်းနှင့်ကစားမည့် လာလီဂါပွဲစဉ်တို့ဖြင့် ၂၀၂၅ ခုနှစ်ကို အဆုံးသတ်မည်ဖြစ်ကာ လာမည့်နှစ်သစ်တွင် အက်သလက်တီကို မက်ဒရစ်နှင့် ဘာစီလိုနာတို့အား အိမ်ကွင်း၌လည်းကောင်း၊ ဂီတာဖေးအား အဝေးကွင်း၌လည်းကောင်း အသီးသီးရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
……………………………………………..
(English Version)
Real Sociedad sacks coach Sergio Francisco
MADRID, Dec. 14 (Xinhua) — Real Sociedad dismissed coach Sergio Francisco on Sunday after only 16 matches, naming B team boss Ion Ansotegi as caretaker.
The decision came after Friday’s 2-1 home loss to Girona, which left the club on 16 points from 16 matches and sitting just one point clear of the relegation zone.
“Real Sociedad has decided, with effect from today, to sack Sergio Francisco from his functions,” said the club which also noted his long service in the youth setup and his role in guiding the B team to promotion to Spain’s second division last season.
Francisco took charge in the summer after Imanol Alguacil stepped down, but he opened the campaign with one win in the first nine league games. A brief rebound followed, with three wins and a draw, including victories over Athletic Club and Osasuna.
That momentum faded after a stoppage-time defeat to Villarreal, a 1-0 derby loss to Alaves, and Friday’s setback to Girona.
Real Sociedad ends 2025 with a Copa del Rey trip to third-tier Eldense and a league meeting with fellow struggler Levante, before hosting Atletico Madrid and FC Barcelona and visiting Getafe early in the new year.
English Caption 1
Angel Correa (C) of Atletico de Madrid vies for the ball during the LaLiga football match between Atletico de Madrid and Real Sociedad in Madrid, Spain, on May 10, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Players of Real Sociedad celebrate a goal during the Copa del Rey semifinal 2nd leg football match between Real Madrid and Real Sociedad, in Santiago Bernabeu Stadium, Madrid, Spain, on April 1, 2025. (Photo by Gustavo Valiente/Xinhua)
