Connect with us

Videos

ဂြိုဟ်တု ၇ စင်းသယ်ဆောင်ထားသော တရုတ်နိုင်ငံ၏ စီးပွားဖြစ် ဒုံးပျံ SD-3 ကို ပင်လယ်ပြင်မှ လွှတ်တင်

ယန်ကျန်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၁၂ ရက်က Smart Dragon-3 (SD-3) သယ်ဆောင်ရေးဒုံးပျံကို ပင်လယ်ပြင်မှတစ်ဆင့် လွှတ်တင်ခဲ့ပြီး ဂြိုဟ်တု ၇ စင်းကို သတ်မှတ်ဂြိုဟ်ပတ်လမ်းထဲသို့ ပို့ဆောင်ခဲ့သည်။

SD-3 စီးပွားဖြစ်ဒုံးပျံကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ယန်ကျန်းမြို့ ကမ်းရိုးတန်း ရေပြင်မှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၇ မိနစ်က လွှတ်တင်ခဲ့သည်။ ဂြိုဟ်တု ၇ စင်းတွင် ပါကစ္စတန်နိုင်ငံ၏ PRSC-EO2 ဂြိုဟ်တုလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ ကမ်းလွန်လွှတ်တင်ရေးမစ်ရှင်ကို ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China’s commercial rocket SD-3 launches 7 satellites from sea

China on Thursday launched a Smart Dragon-3 (SD-3) carrier rocket from the sea, sending seven satellites into planned orbits.

The SD-3 commercial rocket blasted off at 2:37 p.m. (Beijing Time) from waters off the coast of Yangjiang in south China’s Guangdong Province. The seven satellites include Pakistan’s PRSC-EO2 satellite.

The offshore launch mission was carried out by the Taiyuan Satellite Launch Center.