Connect with us

Videos

ယီမင်နိုင်ငံ မြောက်ပိုင်း Hajjahပြည်နယ်ရှိ ပြည်သူများ ဆင်းရဲတွင်းမှ ရုန်းကန်နေရဆဲ

Hajjah ပြည်နယ်၊ ယီမင်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

လွန်ခဲ့သော နှစ်များက ငြိမ်းချမ်းရေးပြန်လည်ရရှိပြီးနောက် ယီမင်နိုင်ငံ မြောက်ပိုင်း Hajjahပြည်နယ်ရှိ ပြည်သူများသည် ဆင်းရဲတွင်းမှ ရုန်းကန်နေရဆဲဖြစ်သည်။ Hajjahပြည်နယ်သည် ဟူသီပြည်သူ့စစ်နှင့် ယီမင်အစိုးရအကြား လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားသော ရှေ့တန်းနေရာဖြစ်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ယင်းပြည်နယ်၏ နေရာအများစုကို အစိုးရက ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ပြည်တွင်းနေရပ်စွန့်ခွာသူ ထောင်ပေါင်းများစွာက ယင်းပြည်နယ်သို့ လာရောက်၍ ငြိမ်းချမ်းရေးကို ရှာဖွေကြသော်လည်း ၎င်းတို့အနက် အများစု၏နေထိုင်မှုဘဝက ဆိုးဝါးလျက်ရှိသလို လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း နည်းပါးလျက်ရှိသည်။

“စစ်ပွဲစကတည်းက Haradh ခရိုင်က ကျွန်တော်ထွက်လာခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတာပါ။ တစ်နေရာက တစ်နေရာကို မဖြစ်မနေ ပြောင်းရတာမို့ ကျွန်တော်တို့ ကြိမ်ဖန်များစွာ နေရပ်စွန့်ခွာခဲ့ရပါတယ်။ ဒီမှာက မိုးအသည်းအသန်ရွာတယ်။ ခိုင်ခံတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေမရှိဘူး။ ၁ နှစ် ဒါမှမဟုတ် ၆ လတစ်ခါ ကျွန်တော်တို့ တဲလေးကို ပြန်ဆောက်ရတယ်။ အဆိုးဆုံးကတော့ အလုပ်အကိုင် ရှာမရတော့တာပါပဲ ”ဟု ရွာသားတစ်ဦး ဖြစ်သည့် SHOUI MOHAMMED ABKAR က ဆိုသည်။

၂၀၁၄ ခုနှစ်တွင် ယီမင်ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာ အီရန်ကျောထောက်နောက်ခံပြုထားသော ဟူသီပြည်သူ့စစ်များက မြောက်ပိုင်းပြည်နယ်အချို့ကို သိမ်းပိုက်ခဲ့ပြီး ဆော်ဒီကျောထောက်နောက်ခံပြုထားသော ယီမင်စိုးရက မြို့တော် ဆာနာမှ မဖြစ်မနေထွက်ခွာခဲ့ရသည်။
ယင်းစစ်ပွဲသည် ယီမင်နိုင်ငံ၏ စီးပွားရေးကို ပျက်ပြားစေခဲ့သလို လူပေါင်း သောင်းနှင့်ချီသေဆုံးပြီး လူပေါင်း ၄ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ကာ နိုင်ငံအား ငတ်မွတ်ခေါင်းပါးမှုအခြေအနေသို့ တွန်းပို့ခဲ့သည်။ (Xinhua)

——————————–
Yemenis in northern Hajjah struggle in poverty

People in the northern Yemeni provinces of Hajjah are still struggling in poverty after peace was restored years ago .Hajjah used to be an intense front of armed conflict between the Houthi militia and the Yemeni government that recaptured most of the province in 2018. Thousands of internally displaced persons came to the province looking for peace but most of them live in harsh conditions with scarce humanitarian aid in the region.

SHOUI MOHAMMED ABKAR
Villager
I have been displaced from Haradh district since the beginning of the war. We were displaced several time s and forced to move from one place to another. Because of heavy rains here and the lack of durable building materials. We have to build our huts every year or even every six months. What is worse, we cannot find jobs.

Yemen’s civil war erupted in 2014 when the Iran-backed Houthi militia seized several northern provinces and forced the Saudi-backed Yemeni government out of the capital Sanaa.
The war has devastated the country’s economy, killed tens of thousands of people, displaced 4 million people and pushed the country to the brink of starvation.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.