Connect with us

မြန်မာ-ENG

တရုတ်နိုင်ငံ ပင်လယ်ကွေ့ဒေသတွင် ဧရာမပင်လယ်ရေအောက်မဟာတူးမြောင်း တည်ဆောက်နေ

ဆန်းကျန့်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းတွင် အဓိကပင်လယ်ရေအောက်တူးမြောင်း၏ သံမဏိအကာ ဆောက်လုပ်ခြင်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ကွမ်တုန်း ဆက်သွယ်ရေးအုပ်စု အဆိုအရ သိရသည်။ပြွန်ပေါင်း ၃၂ ခု ဖြင့်တည်ဆောက်ထားသော အဆိုပါ တူးမြောင်းသည် ဆန်းကျန့်-ကျုံးဆန်း ပင်လယ်ဖြတ်ကျော် ချိတ်ဆက်ခြင်းစီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဆန်းကျန့်နှင့် ကျုံးဆန်း မြို့နှစ်မြို့ကို ချိတ်ဆက်ထားသည့် ၂၄ ကီလိုမီတာ ရှည်လျားသော တူးမြောင်းဆက်သွယ်မှုသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသ ဖွံဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။

အဆိုပါ တူးမြောင်းဆက်သွယ်မှုတွင် ၆.၈ ကီလိုမီတာရှိသော ပင်လယ်ရေအောက်တူးမြောင်းနှင့် လူလုပ်ကျွန်းအတု နှစ်ခု ပါဝင်သည်။ ယင်းတူးမြောင်းသည် ကမ္ဘာပေါ်တွင် အကျယ်ဆုံး သံမဏိအကာမြှုပ်နှံထားသည့် ပင်လယ်ရေအောက်တူးမြောင်း ဖြစ်ပြီး လမ်းကြောင်းတစ်ခုစီတွင် လမ်း ၄ လမ်း ပါဝင်ကြောင်း သိရသည်။

ဆန်းကျန့်-ကျုံးဆန်း ပင်လယ်ဖြတ်ကျော်ချိတ်ဆက်မှုကို ယာဉ်များဖြတ်သန်းသွားလာရန်၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး မြို့နှစ်မြို့ကြား ခရီးသွားမြင့်ချိန်ကို ၂နာရီမှ မိနစ်၃၀ အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China #UnderseaTunnel #Construction #Xinhua #Myanmar #XinhuaMyanmar #တရုတ် #ပင်လယ်ရေအောက်တူးမြောင်း #တည်ဆောက် #ဆင်ဟွာ
………………………………………………
Mega undersea tunnel under construction in China’s Greater Bay Area

The construction of the steel shell of a major undersea tunnel in southern China has been completed, according to the Guangdong Communications Group.
The tunnel, which is made up of 32 tubes, forms part of the Shenzhen-Zhongshan cross-sea link project.
The 24-kilometer link connecting the cities of Shenzhen and Zhongshan will play an important role in the development of the Guangdong-Hong Kong-Macao Greater Bay Area.
The link includes the 6.8-kilometer underwater tunnel and two artificial islands. The tunnel is the widest undersea steel-shell immersed tunnel in the world, with four lanes in each direction.
The Shenzhen-Zhongshan cross-sea link will open to traffic in 2024. It will cut travel time between the two cities from two hours to 30 minutes.
Xinhua News Agency correspondents reporting from Guangzhou, China.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.