Connect with us

Videos

စမတ် စိုက်ပျိုးရေးဥယျာဉ် (Smart agricultural park)က အနာဂတ် မျိုးကြဲ စိုက်ပျိုးရေးအတွက် လမ်းခင်းပေး

ထျန်းကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ခေတ်မီ စိုက်ပျိုးရေးဥယျာဉ် တစ်ခုကို မကြာသေးမီက တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၌ တည်ဆောက်ပြီးစီးခဲ့သည်။ ယင်း ဥယျာဉ်တွင် 5G ရေသန့်စင်ကန်၊ ရေသွင်းမြေဩဇာဖြည့်တင်းခြင်း စသည့်တို့အပါအဝင် အဆင့်မြင့် နည်းပညာများဖြင့် ဟင်းသီးဟင်းရွက် အမျိုးအစားပေါင်း ၁,၀၀၀ ကျော်ကို စီမံစိုက်ပျိုးလျက်ရှိသည်။ထျန်းကျင်း လယ်ယာစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုစင်တာ ဒုတိယဥက္ကဋ္ဌ ကောယွင်ဖုန်းက “ဒီစိုက်ပျိုးရေးဥယျာဉ်ရဲ့ စုစုပေါင်းအကျယ်က မို ၅၀၀ (၃၃.၃ ဟက်တာ)၊ ဖန်လုံအိမ် ၆၀ ကျော်ရှိ မို ၁၀၀ ကို လွှမ်းခြုံထားတယ်။ ထျန်းကျင်းမြို့၊ အခြားပြည်နယ်နဲ့ဒေသ ၁၄ ခုမှာ ရှိတဲ့ နိုင်ငံတစ်ဝန်းက ဟင်းသီးဟင်းရွက် ၁,၀၈၈ မျိုး၊ လုပ်ငန်းပေါင်း ၅၀ ကျော် ကို စုစည်းထားတယ်။ ဒီဥယျာဉ်မှာ သခွားသီး၊ ခရမ်းချဉ်သီးနဲ့ ပဲတွေအပါအဝင် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထားတယ်”ဟု ပြောကြားခဲ့သည်။

မျိုးစေ့များကို အပူပေးခြင်း၊ အရိပ်ရ လေဝင်လေထွက်ရှိခြင်းနှင့် အစက်ချ ရေသွင်းစိုက်ပျိုးခြင်း အထောက်အကူပြုပစ္စည်းများ တပ်ဆင်ထားသည့် ဖန်လုံအိမ်တွင် အတန်းလိုက် စိုက်ပျိုးထားသည်။ ၎င်းတို့၏ ထုတ်လုပ်မှုပမာဏ၊ ကြီးထွားမှု၊ ရောဂါဒဏ်ခံနိုင်ရည် နှင့် ပိုးမွှားအန္တရာယ် ကာကွယ်ကုသမှုများသည် ဥယျာဉ်၏ အောင်မြင်သော ညွှန်းကိန်းများ ဖြစ်ကြသည်။ အလုပ်သမားများအနေဖြင့် တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် ကိုက်ညီသည့် ဟင်းသီးဟင်းရွက် အမျိုးအစားများကို ရွေးချယ်၍ ၎င်းမျိုးစေ့များကို မြှင့်တင်ဆောင်ရွက်နိုင်သည်။

“ဒီကိရိယာက မိုးလေဝသ စောင့်ကြည့်ရေး စက်ပစ္စည်းကနေ အသွင်ပြောင်းထားတဲ့ ကွင်းပြင် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေး စက်ဖြစ်တယ်။ ပထမဆုံးအနေနဲ့ ရာသီဥတုအခြေအနေတွေဖြစ်တဲ့ နေရောင်ခြည်၊ လေ၊ မိုးရေချိန် နဲ့ အပူချိန် အပြောင်းအလဲတွေကို စောင့်ကြည့်နိုင်တယ်။ မြေဆီလွှာတွေရဲ့ စိုထိုင်းဆနဲ့ မြေငန်ဓါတ်ကို စောင့်ကြည့်နိုင်တယ် စသဖြင့်ပေါ့။ ဒီအချက်အလက်တွေကို စုစည်းပြီး ကျွန်တော်တို့ရဲ့ ဉာဏ်ရည်ရှိ စီမံခန့်ခွဲမှု ပလက်ဖောင်းကို ပို့ပေးတယ်။ ပြီးတော့ ဂေါ်ဖီထုပ် ဒါမှမဟုတ် ဖန်လုံအိမ် တစ်ခုခုက ရေလောင်းဖို့ လိုအပ်တယ် ဆိုတာ ကျွန်တော်တို့ကို အသိပေးတယ်။ ရေပေးမြေဩဇာပေး အလိုအလျောက်စောင့်ကြည့်ရေးစနစ်ကို ကျွန်တော်တို့ တပ်ဆင်ထားပြီး အပူချိန်၊ မြေဆီလွှာ၊ အစိုဓါတ်၊ စိုထိုင်းဆနဲ့ ဖန်လုံအိမ်ထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ကို အနီးကပ် စောင့်ကြည့်တယ်။ အနာဂတ်မှာတော့ ကျွန်တော်တို့က ဒီဥယျာဉ်ကို စမတ် လယ်ယာစိုက်ပျိုးရေးအခြေစိုက်စခန်းအဖြစ် တည်ဆောက်သွားမယ် ”ဟု ကောယွင်ဖုန်းက ဆိုသည်။

တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ထျန်းကျင်း နိုင်ငံတကာ စိုက်ပျိုးရေးမျိုးစေ့ပြပွဲများနှင့်အတူ ယင်း စမတ် စိုက်ပျိုးရေးဥယျာဉ်က နိုင်ငံတစ်ဝန်းရှိ ဝယ်ယူသူများနှင့် တောင်သူလယ်သမားများအတွက် ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍ မျိုးကောင်းမျိုးသန့် မျိုးစေ့များ လျင်မြန်စွာ ကျယ်ပြန့်လာစေရေးနှင့် ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.