Connect with us

Videos

အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များပါဝင်သည့် ပူးတွဲဝေဟင်စစ်ရေးလေ့ကျင့်မှုများ တောင်ကိုရီးယားနှင့်အမေရိကန်နိုင်ငံတို့ ပြုလုပ်

ဆိုးလ် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်အနီးတွင် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်း ပါဝင်သည့် ပူးတွဲဝေဟင်စစ်ရေးလေ့ကျင့်မှုအား နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS)အား ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။အမေရိကန် B-1B Lancer ဗုံးကြဲလေယာဉ်နှစ်စင်းသည် တောင်ကိုရီးယားနိုင်ငံ၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်(KADIZ)ပေါ်တွင် ပျံသန်းခဲ့ပြီး တောင်ကိုရီးယား F-35A တိုက်လေယာဉ်များ နှင့် အမေရိကန် F-16 တိုက်လေယာဉ်များက လိုက်ပါစောင့်ရှောက်ခဲ့ကြောင်း အေဂျင်စီ၏ ဖော်ပြမှုအရ သိရသည်။ (Xinhua)