Videos
သုံးနှစ်တာကာလအတွင်း အိမ်ကွင်းတွင် ပြန်ကစားခွင့်ရသည့်အတွက် ကျေနပ်မိကြောင်း မြန်မာအသင်းနည်းပြ ပြောကြား
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
မြန်မာနှင့် မလေးရှား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရမည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲသည် (၃)နှစ်အတွင်း အိမ်ကွင်းတွင် ပြန်ကစားခွင့်ရသည့်ပွဲဖြစ်တာကြောင့် ကျေနပ်မိကြောင်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၁ ရက်တွင် မလေးရှားနှင့် ယှဉ်ပြိုင်ကစားမည့် အုပ်စုအဖွင့်ပွဲစဥ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်သည်။(Xinhua)