Connect with us

Videos

တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် တာဝန်ယူမှုရှိသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု တူရကီကျွမ်းကျင်သူ ပြောကြား

အန်ကာရာ ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဦးဆောင် စီးပွား ရေးနိုင်ငံများအနက် တစ်နိုင်ငံအနေဖြင့် ကမ္ဘာတွင် တာဝန်ယူမှုရှိသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း တူရကီကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခဲ့ချိန် ၁၉၄၉ ခုနှစ်မှစပြီး တရုတ်လူမျိုးတွေဟာ နိုင်ငံရဲ့ ခေတ်မီအသွင်ပြောင်းရေးကို ဆယ်စုနှစ်များစွာကြာ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး တရုတ်နိုင်ငံရဲ့ ဂျီဒီပီက ကမ္ဘာ့ပျမ်းမျှထက် ကျော်လွန်သွားပါတယ်။
တရုတ် နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ၊ အဓိက ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုအချက်အချာဖြစ်တဲ့အတွက် ၎င်းရဲ့ အချို့သောမူဝါဒတွေဟာ ကမ္ဘာ့စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

ကမ္ဘာ့ ဦးဆောင်စီးပွားရေးနိုင်ငံ တစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် နဲ့ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု တို့ဟာ တရုတ်နိုင်ငံရဲ့တာဝန်သိ၊ တာဝန်ယူလိုစိတ်ရှိ သောသူ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ညွှန်ပြပါတယ်။
မူလအစကတည်းက တရုတ်နိုင်ငံဟာ ဘက်စုံကမ္ဘာ တစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ငြိမ်းချမ်းသောဖြေရှင်းနည်းတွေကို ကမ်းလှမ်းပေးနေပါတယ်။ မကြုံစဖူး ကမ္ဘာ့စိန်ခေါ်မှုများနဲ့ မရေရာသောကာလမှာ တရုတ်နိုင်ငံဟာ ငြိမ်းချမ်း၊ တည်ငြိမ်ပြီး သာယာဝပြောသော ကမ္ဘာကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပါတယ်။ (Xinhua)